"ယောင်း ငါတို့ Star Online သွားကြည့်ရအောင်"
"Star Online?"
ရောက်လာကတည်းက ထိုင်နေရင်းနဲ့ အင်္ကျီလက်ဖျားစတွေကို ဆွဲဆုပ်လိုက်ကြယ်သီးေတွကိုတပ်လိုက်ဖြုတ်လိုက်လုပ်နေတဲ့ သူငယ်ချင်းလေးကိုယောင်း မှုန်ကုပ်ကုပ်ပဲ ကြည့်နေလိုက်သည်။
ဒါ Park Jiminရဲ့ ပုံစံအမှန်မဟုတ်။
"အင်း ပြိုင်ပွဲလေ အဲ့ဒါ ဒီနေ့ ငါမင်းနဲ့အတူသွားကြည့်ချင်လို့"
"သောက်ပိုတွေ"
စိတ်ပေါက်ပေါက်နဲ့ အငေါ့တူးစွာပြောလိုက်ပြီး သိုးမွေးထိုးတဲ့အလုပ်ကိုပဲ အာရုံစိုက်နေလိုက်သည်။ရှေ့က ကိုယ်တော်ချောကတော့ အီလည်လည်ရုပ်ကြီးနဲ့ပေါ့။
"မင်းကလည်း ငါတို့အပြင်အတူမသွားတာကြာပြီလေ သွားရအောင်ကွာယောင်း"
မျက်နှာချင်းဆိုင်မှာ ထိုင်နေရာကနေထလာပြီး ပလီပလာ လုပ်နေတာက ဒီကောင်နဲ့ လိုက်ဖက်မှုမရှိ။
"မင်းသွားချင်သွားလေ ငါဒီမှာ သိုးမွေးထိုးနေတယ်မအားဘူး"
သူ့ရဲ့ အကူအညီမပါဘဲ သကောင့်သားက ညဘက်အဆောင်အပြင်ကို ထွက်လို့မရဘူးဆိုတာသူရောJiminပါအသိ။
"မင်းကလည်းကွာဈေးကိုင်လိုက်တာ တခါတလေလေးကို ငါလည်းအားယားနေတာမဟုတ်ဘူး"
စိတ်မရှည်တော့ဟန်တူသည်။ခြေပစ်လက်ပစ်ထိုင်ကာ သူ့ကိုအပြစ်ဆိုလေပြီ။ယခုအချိန်မှာ ရွတ်တွတ်တွတ်ဂျွပ်ဆတ်ဆတ်ပုံစံအမှန်ပေါ်လာတာမို့ထယ်ယောင်း ပြုံးလိုက်မိသည်။
"မင်းက ဘယ်တုန်းက အဲ့ဒါတွေ စိတ်ဝင်စားသွားတာလဲ"
"မဟုတ်ဘူး Jungkookကို ကတိပေးထားလို့"
သူ့ထံသို့ မျက်လုံးကိုထောင့်ကပ်ကာကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံနဲ့ဖြေလာသည်။
"မင်းတို့အခြေအနေက"
"ချစ်သူတော့မဖြစ်သေးဘူး"
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။