အဆောင်ကိုပြန်ရောက်တော့ Jiminတစ်ယောက်ထိုင်လိုက်ထလိုက်နဲ့ ဂဏှာကိုမငြိမ်နိုင်သေး။ယောင်းတစ်ယောက်ဘယ်ချိန်ကပြန်သွားသလဲဆိုတာပင်မသိလိုက်။
ကုတင်ပေါ်တင်ထားတဲ့ ဖုန်းလေးကိုလှမ်းကြည့်လိုက်လက်သီးကလေးဆုပ်လိုက်နဲ့ အခန်းကျဉ်းလေးထဲမှာခေါက်တုံ့ခေါက်ပြန်ထပ်ပြီးလျှောက်နေမိပြန်သည်။
"ဘာလို့ဖုန်းမဆက်သေးတာလဲ"
နာရီကိုကြည့်လိုက်တော့ ကိုးနာရီထိုးရန်ငါးမိနစ်သာလိုတော့သည်။ခေါင်းကဆံပင်တွေကို ဆွဲဖွလိုက်ပြီး ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဖုန်းဆက်ဖို့သေချာပြောခဲ့တာကို"
ဘယ်အချိန်မှာ မြည်လာမယ်မသိတဲ့ဖုန်းကိုစောင့်နေရတဲ့ သူ့အချိန်တွေဟာ မီးလိုပူလောင်နေပြီလား။အခုထိဖုန်းမဆက်နိုင်ရအောင်Jungkook တစ်ယောက်ဘာတွေလုပ်နေတာလဲ။
ဟို မမဆိုတဲ့ အမျိုးသမီးနဲ့များ ရယ်ရယ်မောမော ညစာစားရင်းပျော်ရွှင်နေမလား။ဒါမှမဟုတ်တခြားလူတွေနဲ့ဂုဏ်ပြုပွဲဘာညာလုပ်ရင်း သူ့ကိုဖုန်းဆက်ဖို့များမေ့နေတာလား။
Jiminအတွေးနဲ့တင်လက်ထဲကဖုန်းကို တင်းကျပ်နေအောင်ဆုပ်ကိုင်ထားမိသည်။ဒီနေ့ပဲ ချစ်သူဖြစ်သည်ဒီညပဲ ဖုန်းဆက်ဖို့မေ့တာကတော့ လွန်လွန်းသည်ဟု ထင်မိသည်။
Jungkook မင်းကို ငါ တကယ်စိတ်ဆိုးမိတော့မယ်။
တဒီးဒီးနဲ့ တုန်ခါလာတဲ့ လက်ထဲကဖုန်းကို ဝမ်းသာအားရကြည့်လိုက်မိတော့အရိပ်ကလေးဟူသော နာမည်ကြောင့်စောစောကJiminဒေါသတွေက ဘယ်တုန်းကမှမရှိခဲ့သလို။
"ဟယ်လို"
"Hyungတောင်းပန်ပါတယ်နောက်ကျသွားလား အခုပဲ ကိစ္စပြီးလို့ ဆက်လိုက်တာ"
"အိမ်ရော ပြန်ရောက်ပြီလား"
"မရောက်သေးဘူး အခုလမ်းမှာ"
Jiminနှုတ်ခမ်းလေးတွေပြုံးသွားရသည်။ကောင်လေးက သူ့ကိုသိပ်ချစ်တယ်ဆိုတာကို သိထားပြီးသားဆိုပေမဲ့ကျေနပ်သွားမိသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။