"ယောင်း မင်းသူ့ကိုဘယ်လိုမြင်လဲ"
"ဘယ်သူ့ကိုလဲ"
"JUNGKOOK"
"ငါဘယ်သိမလဲ"
စာအုပ်ပေါ်မှာရှိနေတဲ့ အကြည့်တွေကိုတစ်ချက်လေးတောင်မရွေ့ဘဲယောင်းကပြန်ဖြေသည်။မဟုတ်သေး ပြန်မေးတာ။
ယောင်းက စိတ်မပါရင်ဘယ်အရာမှဂရုမစိုက်တတ်တာမို့ Jiminဆက်မမေးတော့ဘဲ တဖက်လှည့်ကာ တစ်ယောက်တည်းစဉ်းစားနေလိုက်သည်။
"မင်း သူ့ကိုစိတ်ဝင်စားနေပြီလား"
တိတ်ဆိတ်သယောင်ရှိတဲ့ စာကြည့်တိုက်ရဲ့ထောင့်တနေရာက ထွက်လာတဲ့ယောင်းအသံထဲမှာလေးနက်မှုတွေအပြည့်ပါဝင်နေသည်။
Jiminကျောလေးမတ်သွားကာဘေးကိုလှည့်ကြည့်လိုက်တော့ယောင်းက မျက်မှန်လေးကိုချွတ်ကာ သူ့ကိုစိုက်ကြည့်လာသည်။
"ငါမပြောတတ်ဘူးယောင်း ဒါပေမဲ့"
"မင်းသူ့ကို စိတ်ဝင်စားနေပြီပဲ"
နောက်ထပ်ပြောလာမဲ့ စကားကိုတောင်ယောင်းကမစောင့်တော့ဘဲ ဦးအောင်ပြောချလိုက်သည်။သက်ပြင်းချသံသဲ့သဲ့ကြားလိုက်မိသည်။ ဘယ်သူ့ဆီကများလဲ။သူလားယောင်းလား။
"လုပ်မနေနဲ့ ခဏပဲတွဲဦးမှာဆိုရင်"
"ဟင်"
"ယောကျာ်းလေး ရည်းစားများလည်း နာမည်ပျက်တတ်တယ်ကိုယ့်လူ"
ရုတ်တရက်ကြီးလေသံရော မျက်နှာပါပြောင်းသွားတဲ့ယောင်းက စိတ်အချဉ်ေပာက်ပောက်နဲ့သူ့ကိုဆူလေသည်။မျက်မှန်ကလေးပင့်ကာ ပင့်ကာရယ်နဲ့ သူ့ကိုဆုံးမနေသည့်အခါမျိုးမှာတော့ယောင်းသည်ချစ်စရာမကောင်းဟု ထင်မိသည်။
"ပြောလည်း နားဝင်တာမဟုတ်ဘူး စာကျက်ဦး စာမေးပွဲဖြေရတော့မှာ"
"မကျက်ဘူးကွာ"
Jiminပြန်ပြောလိုက်တော့ယောင်းကမျက်လုံးပြူးပြသည်။ထို့နောက်တွင်တော့ ဖတ်လက်စစာအုပ်အချို့ကိုယူကာ သူ့နားကထွက်သွားလေသည်။
YOU ARE READING
❝𝐒𝐓𝐀𝐑 𝐎𝐍𝐋𝐈𝐍𝐄❞
Fanfictionကြယ်တွေကို မရေတွက်နဲ့။ အကယ်၍ ကိုယ့်အသက်ကိုယ်နှမြောရင်ပေါ့။