စာအုပ်အဖြစ်ထွက်ရှိပြီးဖြစ်တဲ့
* စည်း__✏️
* ကြယ်တွေကြွေသောည 🌠
* ကြယ်တွေကြွေသောည Sequel 🌌
* ထာ၀ရပုံပေ 🌋
* တောင်တောရယ်သာ 🏞
* ဆူး ❤️🩹
စာအုပ်တွေအားလုံးကို we distribution online bookshop မှာ မှာယူနိုင်ပါတယ်။
ကျေးဇူးပါ ❤️💛💙we distribution Facebook Page
📞09250091913
📞09972293371
⌚9:00 Am to 5:00 PM💕💕💕💕💕💕💕💕💕💕💕💕
အောက်တိုဘာလ
၂၀၁၇ ခုနှစ်
ပုံပေမြို့
အီတလီနိုင်ငံ
NIHIL DURARE POTEST TEMPORE PERPETUO
CUM BENE SOL NITUIT REDDITUR OCEANO
DECRESCIT PHOEBE QUAE MODO PLENA FUIT
VEN(TO)RUM FERITAS SAEPE FIT AURA L(E)VIS
ဘယ်အရာမှ ထာဝရ မတည်မြဲနိုင်ပါဘူး..
နေမင်းဟာ တောက်ပခဲ့ပြီးရင် ပင်လယ်သမုဒ္ဒရာအောက်မှာ ပျောက်ကွယ်သွားဦးမှာ...
၀ိုင်းစက်နေခဲ့တဲ့ လပြည့်ဝန်းဟာလည်း သေးငယ်သွားဦးမှာ...
မာန်ဟုန်ပြင်းတဲ့ လေပြင်းတွေလည်း လေပြည်အဖြစ် ပြောင်းလဲသွားကြမှာ...
ဟိုတယ်ခန်းမ၏ ဧည့်သည်နားနေခန်းရှိ ဆိုဖာထိုင်ခုံထက်တွင် ထိုင်နေသော ကောင်လေးတစ်ယောက်သည် အခန်းနံရံရှိ ဘောင်ခတ်ထားသော စာတမ်းပုံကို လှမ်းကြည့်နေသည်။ နက်ပြာရောင် ကျောပိုးအိတ်ငယ်သည် အားကစားဖိနပ်စီးထားသော လူငယ်၏ခြေရင်းနားမှာ လဲကျနေသည်။ လိပ်ခွေနေသော ဆံပင်နက်များသည် နဖူးပေါ် ဝဲကျနေသည်။ နားရွက်အထက်နားမှစပြီး ဘေးနှစ်ဖက်စလုံးကို ခပ်ပါးပါးရိတ်ထားသောကြောင့် လည်တိုင်မှာ ရှင်းနေသည်။
"ဒါ ပုံပေမြို့ဟောင်းရဲ့ နံရံစာတမ်းတွေထဲကတစ်ခုပဲ ကောင်လေးရ။"
တည်းခိုခန်းပိုင်ရှင်ဖြစ်ဟန်တူသော လူကြီးတစ်ယောက်က လူငယ့်ဘေးမှာရပ်ရင်း စကားဆိုသည်။ ရှေးဟောင်းလက်တင်ဘာသာစကားဖြင့် ရေးသားထားသည့် ထိုစကားလုံးများသည် ပုံပေမြို့ဟောင်းကြီး၏ များပြားလှစွာသော နံရံစာတမ်းများထဲမှ တစ်ခုဖြစ်သည်။ မူရင်းရေးသားခဲ့သူသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ နီးပါးက အသက်ရှင်ခဲ့သူတစ်ယောက်။ မည်သူမှန်းမသိ။ မည်သည့်အတွက် ရည်ရွယ်ရေးသားခဲ့မှန်းမသိ။ နှစ်ပေါင်းများစွာ မြေအောက်မှာ နားခိုခဲ့ပြီးမှ တူးဖော်မြင်တွေ့ခွင့်ရခဲ့သော မြို့ဟောင်းကြီးနှင့်အတူ ထိုစကားလုံးများသည် တစ်ဖန်ပြန်လည်အသက်ဝင်လာခဲ့ပြီဖြစ်သည်။
KAMU SEDANG MEMBACA
ထာ၀ရ ပုံပေ