အပိုင်း ၉၀

2.6K 287 1
                                    

God of Slaughter (chapter – 90)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၀) မိုးကောင်းကင်ကြီး ပြောင်းလဲသွားခြင်း

ယင်ချိုင့်ဝှမ်းအတွင်း မိုးထစ်ချုန်းသလို ဟိန်းဟောက်သံကြီးများ အော်ဟစ်မာန်သွင်းသံများ အဆက်မပြတ်ထွက်ပေါ်လို့လာသည်။
ပမာဏကြီးမားလှသော စွမ်းအင်လှိုင်းများ ပေါက်ကွဲမှုများကြောင့် ကောင်းကင်တစ်ပြင်လုံး ၀င်းကနဲ လက်ကနဲ တောက်ပသွားတတ်ပြီး လေထုပင် တုန်ခါလို့နေ၏။

ချီရှောင်း၊ ရှာစင်းယန်နှင့် ဇုအာချီတို့မှာ လေထဲတွင် ခုန်ပျံတိုက်ခိုက်နေကြပြီး ခေါင်းကိုးလုံးမြွေနဂါးကို အစွမ်းကုန် ရင်ဆိုင်နေကြသည်။

ချီရှောင်းက ဧရာမဓါးကြီးတစ်လက်ကို လက်တစ်ဖက်ကကိုင်ပြီး နောက်တစ်ဖက်က ငွေရောင်ကန့်လန့်ကာကို ထိန်းချုပ်ကာ မီးနဂါးဦးခေါင်းသုံးလုံးနှင့် ရင်ဆိုင်နေသည်။

ဇုအာချီကတော့ မြေနဂါးကြီါ်အဖြစ် ပေါင်းစပ်ထားပြီး အဆိပ်နဂါးဦးခေါင်းသုံးလုံးကို လှည့်ပတ်တိုက်ခိုက်လျှက်ရှိသည်။
အဆိပ်နဂါးဦးခေါင်းသုံးလုံးက သူ၏အဆိပ်ငွေ့များမှုတ်ထုတ်မှုကို ဇုအာချီ မမှုမှန်း သဘောပေါက်သွားသည့်အခါ ပါးစပ်ကြီးများကိုဖြဲကာ ကိုက်ဆွဲရန်ကြိုးပမ်းလာသည်။

ရှာစင်းယန်ကတော့ အသက်သာဆုံးဖြစ်သည်။သူမက နတ်ဘုရားမတစ်ပါးအလား လေပေါ်တွင် ပျံဝဲလို့နေသည်။
သူမ၏ လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်သောအခါ ဆန်းပြားသော အကာအကွယ်လွှာများ ထွက်ပေါ်လာသည်။
နောက်လက်တစ်ဖက်ကို မြှောက်၍ ရိုက်ချလိုက်လျှင် ဧရာမ လက်သည်းကုတ်ချက်ကြီး ဖြစ်ပေါ်လာပြီး ယင်ကီနဂါးဦးခေါင်းသုံးလုံးကို ကုတ်ဆွဲတိုက်ခိုက်လိုက်လေသည်။
ထိုဦးခေါင်းသုံးလုံးက ယင်ကီများကို မှုတ်ထုတ်တိုက်ခိုက်ရန်ကြိုးပမ်းသော်လည်း ၄င်းတို့ ထုတ်လွှတ်လိုက်သော ယင်ကီများအားလုံးကို ရှီယန့်ခေါင်းပေါ်ရှိ ယင်ကီစုပ်ဝဲကြီးများက ချက်ခြင်းဆွဲစုပ်ယူသွားလေသည်။

အတန်ကြာ အကဲစမ်းတိုက်ခိုက်ပြီးနောက် မြွေနဂါးကြီးက ဒေါသတကြီးဖြစ်လို့လာသည်။
သူ့ကိုယ်လုံးကြီးကို တွန့်လိမ်လှုပ်ရှားရင်း ရှီယန့်ကို ဦးတည်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now