အပိုင်း ၁၉၂

1.7K 175 0
                                    

God of Slaughter (chapter – 192)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၂) ညလယ်ယံမှ အမှောင်ရိပ်များ

ပုံပန်းမကျသော အနက်ရောင်ကျောက်တုံးများက တောအုပ်တစ်ခုသဖွယ်ဖြစ်နေသည်။

မှောင်ရီပျိုးလာသောအခါ ကျောက်နက်ကျွန်းက ပိုမိုတိတ်ဆိတ်လို့လာသည်။
မည်သည့် သက်ရှိသတ္တ၀ါမျှ မရှိခြင်းကလဲ တစ်မျိုးတစ်ဖုံ စိတ်ဖိစီးဖွယ်ကောင်းနေပြန်သည်။

“နင် ကျောက်နက်ကျွန်းကနေ ခုချက်ခြင်းထွက်သွားရင်ကောင်းလိမ့်မယ်…”
ဟုချင်းမန်၏ အမူအယာက အလွန် အလေးအနက်ထားပြောနေဟန်တူသည်။
“နင်က ဒီကအခြေအနေတွေကိုလဲမသိဘူး ပြီးတော့ မိစ္ဆာတွေကိုရော သူတို့ စွမ်းရည်တွေကိုရော ဘာမှမသိဘူး…နင်က အန္တရာယ်ဒုတိယအဆင့်မှာပဲရှိသေးတယ်…ငါတို့ကလဲ နင့်ကို စောင့်ရှောက်အားမှာမဟုတ်ဖူး…ငါတို့ မိစ္ဆာတွေနဲ့ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ နင့်ကို ဘယ်သူမှ ကာကွယ်ပေးနေမှာမဟုတ်တော့ဘူး…”

“ဟုချင်းမန်က တိမ်ခြင်္သေ့ကြီးပေါ်မှ ဆင်းဆင်းချင်းပင် ရှီယန့်ကို ထွက်ခွာသွားရန် တိုက်တွန်းနေခြင်းဖြစ်သည်။

“ကိစ္စမရှိပါဘူး..ငါက ဘယ်သူ့အကူအညီမှမလိုဘူး…ငါ မိစ္ဆာတွေနဲ့ ရင်ဆိုင်တွေ့ရင်တောင် နင်တို့က ငါ့ကို ကာကွယ်ပေးစရာမလိုဘူး…”
ရှီယန်က ဒီအတိုင်းပဲ ခေါင်းခါယမ်းရင်းပြောသည်။
“ငါက ကျောက်နက်ကျွန်းကနေ အခုထွက်သွားဦးမှာမဟုတ်သေးဘူး…ဒီ ကြေးခွံနက်မိစ္ဆာမျိုးနွယ်တွေ ရှင်းလင်းသွားမှ ငါ့ဟာငါထွက်သွားမယ်…”

“နင်…”

ဟုချင်းမန်က ရှီယန့်ကို စူးစူးဝါးဝါးကြည့်သည်။
“သခင်မိုက ငါနဲ့ ငါ့အဖေကို မီးတိမ်တိုက်ကျွန်းပေါ်မှာ သိုင်းပညာ အထောက်အပံ့တွေ အများကြီး ပေးသွားလို့ပေါ့…မဟုတ်ရင် ငါက နင့်ကို ကြည့်တောင် ကြည့်မနေဘူး…
နင့်လို အန္တရာယ်အဆင့် သိုင်းသမားတစ်ယောက်က ကြေးခွံနက်မိစ္ဆာတွေရဲ့ လက်ထဲကနေ အကာအကွယ်ပေးမယ့်သူမရှိပဲ ရှင်သန်လွတ်မြောက်နိုင်မယ်ထင်နေတာလား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Opowieści tętniące życiem. Odkryj je teraz