အပိုင်း ၁၈၁

1.8K 177 1
                                    

God of Slaughter (chapter – 181)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၈၁) အရေးကြီးသော အနိုင်အရှုံး

“မင်းမှာ သန့်စင်ခြင်းပုလင်းတွေရှိလား”

ဟုလျှိုက သူ့သားဝတုတ်ကို အေးစက်စူးရဲစွာစိုက်ကြည့်ရင်း မေးလိုက်သည်။

ထိုဖက်တီးလေး ဟုလိုင်ခမျာ ဘုမသိဘမသိ ကြောက်လန့်သွားပြီးနောက် မိသွမ့်ဟွမ်နှင့် ရှီယန်တို့ကို ခိုးကြောင်ခိုးဝှက် ကြည့်လိုက်မိသည်။
ကြိုးစားပြုံးလိုက်ရသောကြောင့် သူ့ပါးနှစ်ဖက်က မညီမညာ ဖောင်းတက်လာပြီးနောက် အကြည့်ရဆိုးစွာဖြင့်
“သန့်စင်ခြင်းပုလင်းတွေ ရှိပါတယ်..ဒါပေမဲ့ တစ်ဝက်တစ်ပျက်ပဲ ပြီးသေးတယ်…ကျနော်က ပါဝင်ပစ္စည်းတွေ အကုန် ပေါင်းထည့်ပြီး မီးတောင်ငယ်လေးထဲက ချော်ရည်တွေထဲမှာ ခုနှစ်ရက်တိတိ မီးဖုတ်ခဲ့တာ…ဒါပေမဲ့ စမ်းသပ်ပုံစံမျိုးပဲရသေးတယ်...လုံလောက်တဲ့ မီးအပူချိန်မရတော့ အရည်ကျိုလုပ်ငန်းစဉ်က သိပ်ပြီးတော့ မပြည့်စုံဘူးဖြစ်နေတယ်…ချော်ရည်ရဲ့ အပူချိန်က အကန့်အသတ်ရှိတဲ့အခါကျတော့ ပါဝင်ပစ္စည်းတွေထဲက မသန့်စင်မှုတွေကို အကုန် ဖယ်ထုတ်မပေးနိုင်ခဲ့ဘူးလေ…”

ဖက်တီးလေးက ငိုတော့မည့် မျက်နှာဖြင့် ရှင်းပြနေသည်။
သူက အမည်းစက်များ ပြည့်နေသော ညိုပုတ်ပုတ်အရောင် ပုံဆိုးပန်းဆိုး ပုလင်းလေးကို ထုတ်ပြသည်။

ဟုလျှိုက မျက်မှောင်ကြုံ့သွားပြီးနောက်
“ဒီ တ၀က်တပျက်ပဲပြီးသေးတဲ့ဟာကို ပြည့်စုံသွားအောင် လုပ်မယ့်နည်းလမ်းရှိလား…”

“အပူချိန်မြင့်တဲ့ ချော်ရည်တွေနဲ့ဆို ကျနော်က ဒါကို နေ့တစ်ဝက်ထဲနဲ့ အချောသတ်ထုတ်လုပ်ပေးနိုင်တယ်…”
ဟုလိုင်၏ မျက်ဝန်းလေးများက တောက်ပလာသည်။
“ဒါပေမဲ့ မီးတောင်ချော်ရည်ရဲ့ အပူချိန်က အရမ်းမြင့်ရင် ကျနော် မကိုင်တွယ်နိုင်တော့ဘူး…ဒါကြောင့် ကျနော်က ပြီးအောင်မလုပ်နိုင်ခဲ့ဘူး…မြေကမ္ဘာမီးလျှံအဆီကို ရယူနိုင်ဖို့အိမ်မက်ကိုလဲ ကျနော်စွန့်လွှတ်ခဲ့ပါပြီ…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Wo Geschichten leben. Entdecke jetzt