အပိုင်း ၁၅၇

2K 181 2
                                    

God of Slaughter (chapter - 157)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၇) ပျော်စရာခရီး

ကာမွန်းတို့ လှေပေါ်ရောက်လာသောအခါ လင်ဒါ၏ အနီးတစ်ဝိုက် ပြန့်ကျဲနေသော ပင်ဘယ်ဓါးပြအသေကောင်များကို မျှော်လင့်တကြီးဖြင့် ရှာဖွေကြသည်။
လက်နက်များ ဆေးဝါးများ သေခြင်းအဆင့် သိုင်းကျမ်းများ ထွက်လာသည်။
ပင်လယ်ဓါးပြများဆိုသည့်အတိုင်း လူမျိုးပေါင်းစုံထံမှ ဓါးပြတိုက်ထားဟန်တူသော ပစ္စည်းပေါင်းစုံနှင့် ဓါးရှည်များ ဓါးမြှောင်များ စသည်ဖြင့်...။
ကာမွန်းတို့ ဂျက်တို့ သူတို့လူများအားလုံး အကျေနပ်ကြီး ကျေနပ်နေကြသည်။

ထို့ပြင် သိမ်မွေ့နက်နဲခြင်းအဆင့် သိုင်းကျမ်းနှစ်ခုကိုလဲ ကုံ၏ အလောင်းနှင့် မုတ်ဆိတ် အလောင်းထံမှ ရရှိခဲ့သည်။
လင်းရှောင်ချန်း ၀တ်ဆင်ခဲ့သော ချပ်ဝတ်တန်ဆာ ကို ထည့်တွက်လျှင်တော့ အကျိုးအမြတ်က တော်တော်ကြီးမားသွားပြီဖြစ်သည်။
ထို ချပ်ဝတ်က အံအားသင့်ဖွယ်ရာပင် စိတ်ဝိဥာဉ်အဆင့်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ထိုအပျော့စား ချပ်ဝတ်က စွမ်းအင်များ ကို စုပ်ယူစုဆောင်းထားပြီး ၀တ်ဆင်ထားသူ တိုက်ခိုက်ခံရပါက အလိုအလျောက်ပြန်လည်ထုတ်လွှတ်ကာ ခုခံမည့်အမျိုးအစားမျိုးဖြစ်သည်။
ယခု ထိုချပ်ဝတ်က အအေးဓါတ်များစွာ စုပုံစုဆောင်းမိသွားပြီဖြစ်သည်။

ထိုအရာများအပြင် သင်္ဘောကြီး၏ သိုလှောင်ခန်းအတွင်းတွင် တောင်ပူစာလေးများလို စုပုံနေသော ပမာဏများပြားလှသော ဖောက်ခွဲရေးပစ္စည်းများပင်ဖြစ်လေတော့သည်။
ထိုသေမန်းတမန်လက်နက်များကား တစ်ချက်ကြည့်မိရုံနှင့်ပင် ကျောရိုးထဲ စိမ့်သွားစေသည်။

လင်ဒါက ခေါင်းကို မော့ထားသည်။
သူမ၏ မျက်ဝန်းများက တင်းကျပ်စွာ အေးစက်နေကြသည်။
သူမက စုဆောင်းရရှိသော ပစ္စည်းများကိုကို တစ်ခုချင်း စစ်ဆေးနေသည်။
သူမက လင်းရှောင်ချန်း၏ အပျော့စားချပ်ဝတ်ကိုယူကာ ဆေးဝါးအချို့ကိုလဲ သူမ၏ အိတ်ထဲသို့ထည့်လိုက်သည်။
ကျန်သောပစ္စည်းများကိုတော့ ကာမွန်းတို့အား ရက်ရောစွာ စွန့်ကျဲလိုက်လေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Où les histoires vivent. Découvrez maintenant