God of Slaughter (chapter – 178)Author: Ni Cang Tian
Translate by: Soe Paing Hmueအပိုင်း (၁၇၈) လောင်းမလား
မီးတိမ်တိုက်ကျွန်း၊ ဟုမိသားစု။
ကျယ်ဝန်းကာ ခမ်းနားသော ခန်းမကြီးထဲတွင် စကားကောင်းသောက်ဖွယ်များ သစ်သီးဝလံများ ခင်းကျင်းထားသည်။
ရနံ့မွှေးသော သေရည်အိုးများသည်လည်း ဆက်တိုက်ပင် ရောက်ရှိလာနေသည်။ခန်းမတွင်းရှိ လေထုက စိတ်အားထက်သန်မှုများဖြင့် လွှမ်းခြုံနေသည်။
ဟုလျှိုက မိုသွမ့်ဟွမ်ကို ခွက်မြှောက်ကာ ဂုဏ်ပြုလိုက် ဧည့်သည်တော်များဖြင့် စကားပြောလိုက်ဖြင့် တပြုံးပြုံးရှိနေပေသည်။မီးတိမ်တိုက်ကျွန်းပေါ်ရှိ အခြားသော သိုင်းအဖွဲ့အစည်းများမှ ခေါင်းဆောင်များသည်လည်း စိတ်လှုပ်ရှားလျှက်ရှိကြသည်။
သူတို့က မိုသွမ့်ဟွမ်ကို ခွက်မြှောက်ကာ ဂုဏ်ပြုချိန်တိုင်း လူကိုယ်တိုင် မတ်တပ်ထရပ်ခြင်းဖြင့် ရိုသေလေးစားမှုကို ပြသကြသည်။မိုသွမ့်ဟွမ် က ခန်းမထဲရှိ အမြင့်ဆုံး ထိုင်ခုံပေါ်တွင် ထိုင်နေသည်။
သူ့မျက်နှာက ဘာမှ ထူးခြားဟန်မရှိပဲ မလှုပ်မယှက် ရှိလို့နေသည်။
လူများက သူ့ကို ခွက်မြှောက်ဂုဏ်ပြုကြသည့်အခါတွင်တောင် သူက ခေါင်းအသာငြိမ့်ရုံငြိမ့်ပြပြီး သူ့ခွက်ကို တစ်ငုံမျှ ငုံလိုက်ရုံသာရှိသည်။ရှီယန်က မိုသွမ့်ဟွမ်၏ ဘေးတွင်ထိုင်နေခြင်းဖြစ်သည်။
သူ့မျက်နှာက ခပ်ပြုံးပြုံးပင်ရှိနေပြီး ခန်းမထဲရှိလူအားလုံးကို တိတ်တဆိတ်အကဲခတ်လျှက်ရှိသည်။မီးတိမ်တိုက်ကျွန်းရှိ အရေးပါသူများသည် မိုသွမ့်ဟွမ်နှင့် မျက်နှာချင်းဆိုင်သောအခါ အလွန်ယဉ်ကျေးပျူငှာစွာဖြင့် ပြုံးပြကြသည်။
မိုသွမ့်ဟွမ်က သူတို့ကို အနည်းငယ်ခေါင်းငြိမ့်ပြလျှင်ပင် သူတို့က အလွန်အင်မတန် ဂုဏ်ယူကျေနပ်လို့သွားကြသည်။
ရှီယန့်အတွက်တော့ ဒါက ကြည့်ရတာ အလွန်ရယ်စရာကောင်းနေသည်။မိုသွမ့်ဟွမ်က ယန်မိသားစုမှဖြစ်ပြီး ရှူရာဘုရင်သုံးပါး၏ ခေါင်းဆောင်ပင်မဟုတ်လော။
ခိုင်ရာပင်လယ်ပြင်တွင်တော့ သူက အလွန်ထင်ရှားသော ပုံရိပ်ပင်ဖြစ်လေသည်။
သူက ဟုမိသားစုသို့ လာရောက်ကာ ဟုမိသားစုတွင် ဒီလူများနှင့်အတူထိုင်ကာ သောက်စားခြင်းကပင် ဂုဏ်ယူစရာကောင်းနေပြီဖြစ်သည်။
ဟုမိသားစုနှင့် စီးပွားရေးကိစ္စများ အခြေတင်ဆွေးနွေးရန်ရောက်နေကြသူများအားလုံးပင် ရိုကျိုးစွာဖြင့်ရှိနေကြပြီဖြစ်သည်။

BẠN ĐANG ĐỌC
သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]
Viễn tưởng#သတ်ဖြတ်သူသွေးနတ်ဘုရား (မိတ်ဆက်) (God of Slaughter) Author :Ni Cang Tian Translate by : Soe Paing Hmue "မိတ်ဆက်" သတ်ဖြတ်သူသွေးနတ်ဘုရား (God of Slaughter) စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထုဖြစ်ပါသည်။အပိုင်း ၁၂၀၀ကျော် ဆက်သွားနေဆဲဇာတ်လမ်း။ ဤစာစ...