အပိုင်း ၁၂

4K 369 1
                                    

သတ်ဖြတ်သူသွေးနတ်ဘုရား Chapter 12
God of Slaughter

အခန်း (၁၂) သွေးနွယ်ရှင် လက်စွပ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာ

     ကိုယ်တွင်းမှ စီးထွက်နေသော ကီစုစည်းမှုများကို ရုပ်သိမ်းလိုက်ပြီးနောက် ရှီယန့်မျက်လုံးများက သူ့ဘယ်ဖက်လက်သူကြွယ်ပေါ်မှ ကြက်သွေးရောင် လက်စွပ်ပေါ်ရောက်သွားသည်။ထိုလက်စွပ်ကို သွေးနွယ်ရှင်လက်စွပ်ဟု သူအမည်ပေးထား၏။သွေးကန်ထဲမှလက်စွပ်၊သွေးကန်နှင့် ပတ်သက်မှုရှိနေသောလက်စွပ်။သွေးကန်က သူ့ခန္ဓာကိုယ်ထဲဝင်သွားခဲ့တာဆိုရင် ဒီလက်စွပ်က သူကိုယ်တိုင်နဲ့လဲ ပတ်သက်မှုရှိနေပြီဖြစ်သည်။

သူ ဒီလက်စွပ်ကို ပထမဆုံးဝတ်ခဲ့တဲ့အချိန်ကို သူပြန်တွေးကြည့်နေသည်။အဲ့ဒီတုန်းက သူ့ကီစုစည်းမှုက အလွန်အားနည်းနေသေးသည်။မည်သို့ လှည့်ပတ်ရမည်ကိုပင် သိပ်မသိသေး။သို့သော် လက်စွပ်စွပ်လိုက်သည့်အချိန်တွင် ကီစွမ်းအားများက အရှိန်အဟုန်ပြင်းစွာ လက်စွပ်ဆီစီးဝင်ကြသည်။ကီစုစည်းမှုက အားနည်းလွန်းသောကြောင့်သာ သူ့အရေပြားကို မထိုးဖောက်နိုင်ခဲ့ခြင်းဖြစ်၏။

ယခု သူ အခြေခံ တိယအဆင့်သို့ရောက်နေပြီဖြစ်သောကြောင့် ကီစွမ်းအင်ကို အပြင်သို့ထုတ်လွှတ်နိုင်စွမ်းရှိနေပြီဖြစ်သည်။အကယ်၍ ကီစွမ်းအင်များ လက်စွပ်ထဲဝင်သွားလျှင် ဘာဖြစ်လာမည်လဲ…။ရှီယန် စပ်စုလိုစိတ်များဖြစ်ပေါ်လာပြီး ဤရှေးဟောင်းလက်စွပ်အတွင်းရှိ လျှို့ဝှက်ချက်ကိုသိချင်လာသည်။သူ့ မရီဒျန်များပြောင်းလဲသွားခြင်း၏အကြောင်းအရင်းကိုများ တွေ့ရှိနိုင်လေမလား…။

သစ်ရွက်များကိုကျော်၍ ရှီယန်တစ်ချက်အကဲခတ်လိုက်သည်။မိုမိသားစုမှ သိုင်းသမားများသည် သူရှိရာအရပ်နှင့် ဝေးရာသို့သာသွားနေကြသည်။ဒီအနီးအနားကိုအလွယ်တကူရောက်လာစရာမရှိ။ရှီယန် အချိန်တစ်ခုပေးရန်ဆုံးဖြတ်လိုက်သည်။

ပထမဦးစွာ သူ့ ဒန်တျန်နေရာမှ ကီစုစည်းမှုများကို ဖြည်းငြင်းစွာ ထုတ်ယူလှည့်ပတ်စေလိုက်၏။ထို့နောက် ရုတ်တရက် အရှိန်မြှင့်တင်ကာ သူ့ဘယ်ဖက်လက်မောင်းအတွင်း အားအင်အပြည့်ဖြင့် စီးဆင်းစေကာ လက်သူကြွယ်ဆီသို့ အရှိန်အဟုန်ဖြင့် ပို့ဆောင်လိုက်တော့သည်။ကီစွမ်းအားများသည် ရှီယန့် စေစားမှုအတိုင်း လက်သီးဆုပ်ထားသောဘယ်ဖက်လက်သူကြွယ်အတွင်း တိုးဝင်သွားကာ လက်စွပ်အောက်ရှိအရေပြားအောက်မှ တိုးထွက်သွားကြသည်။
“ခြစ်….ခြစ်…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora