အပိုင်း ၈၀

2.9K 252 4
                                    

God of Slaughter (chapter – 80)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၈၀) နောက်ယောင်ခံလိုက်ခြင်း

ထိုည…
တိအန်းမြို့၏ မြောက်ဖက်မုခ်ဝ…

ရှီယန်၊ ဟန်ဖန်းနှင့် ကုလောင်တို့သုံးယောက် မြို့ထဲမှ တိတ်တဆိတ်ထွက်လာခဲ့ကြသည်။

မြင်းလေးကောင်ကသော ရထားလုံးတစ်စီးက မြို့ပြင်သင်္ချိုင်းတွင် ရပ်စောင့်လို့နေသည်။
အဖိုးအိုတစ်ဦးက ရထားလုံးဘေးတွင်ရပ်နေရင်း မုခ်ပေါက်ဝကို လှမ်းမျှောင်ကြည့်လျှက်ရှိသည်။
ရထားလုံးထဲမှ တီးတိုးတီးတိုး စကားသံများကိုတော့ တစ်ချက်တစ်ချက် ကြားနိုင်ပေသည်။

ရထားလုံးဘေးတွင် အုတ်ဂူတိုတို ရှည်ရှည်တို့ ၀န်းရံလျှက်ရှိပြီး နွယ်ပင်ရိုင်းအချို့ကလဲ ပေါက်ရောက်နေကြသောကြောင့် ကြည့်ရသည်မှာ နက်မှောင်သော ခံစားချက်တစ်မျိုးကို ပေးစွမ်းလျှက်ရှိသည်။

“ဒါ ဇူမိသားစုပဲ…”
ကုလောင်က အမှတ်အသားမပါရှိသော မြေပုံတစ်ခုပေါ်တက်ရပ်ကာ လှမ်းကြည့်လိုက်ပြီးနောက် အတည်ပြုလိုက်သည်။
ရှီယန်က ခေါင်းငြိမ့်လိုက်ပြီး
“ကျနော်တို့ နောက်ကျနေပုံရတယ်..”

အဖိုးကြီးက သူတို့၏ စကားသံများကို ကြားရဟန်တူသည်။ သူတို့ရှိရာဖက်သို့ လှမ်းကြည့်လိုက်ပြီးနောက် လက်ဝှေ့ယမ်းကာ အချက်ပြလိုက်လေသည်။

သူ၏အချက်ပြမှုကို မြင်တွေ့ရသောအခါ ရှီယန်တို့သုံးယောက်က အနီးသို့ လျှောက်လှမ်းသွားလိုက်ကြသည်။

“သခင်မလေး…ရှီမိသားစုကလူတွေရောက်လာပါပြီ…”
အဖိုးကြီးက အသံတိုးတိုးဖြင့် ရထားလုံးထဲသို့ သတင်းပို့လိုက်သည်။

“သူတို့ အချိန်မှီရောက်လာတာပဲ…”
ရထားလုံးထဲမှ ဇူရှီ့အသံလေးထွက်ပေါ်လာသည်။

ကျက်သရေရှိသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦး ရထားလုံးထဲမှ လျှင်မြန်စွာထွက်လာသည်။
သူက ရှီယန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဇူရှီ့ကို ပြုံး၍ကြည့်လိုက်ကာ
“ညည်းကောင်လေးရောက်လာပြီ…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora