အပိုင်း ၁၉၄

1.8K 175 0
                                    

God of Slaughter (chapter - 194)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၄) ကျေနပ်ပြီလား

တောင်ထိပ်ရှိ ဧရာမ မိုင်းတွင်းဝကြီးသည် မိစ္ဆာကောင်ကြီး ပါးစပ်ဖြဲဟထားသည့်အလား သူတို့ကို ဆီးကြိုနေသည်။

အတွင်းဖက်မှ တိုက်ခတ်လာသော လေထုက လူအားလုံးကို စိတ်မသက်မသာဖြစ်စေသည်။
သူတို့က ဂူထဲမှ ငြီးငြူသံတစ်ချို့ကိုပင် ကြားလိုက်ရသလိုလိုရှိကာ အထဲရှိ မိစ္ဆာနယ်မြေသားများက သူတို့ ၀င်လာအောင် တမင်သက်သက်ပင် ဖိတ်ခေးနေသလားထင်ရသည်။

လင်းနန်တို့အုပ်စုက ဂူပေါက်ဝတွင်ရပ်ကာ လှိုဏ်ဂူထဲသို့ ဂရုတစိုက် လေ့လာနေကြသည်။

ရှီယန်က သူ့ စိတ်ဝိညာဉ်ပုလဲကို တိတ်တဆိတ်ဆုပ်ကိုင်လိုက်ပြီး သူ့ စိတ်စွမ်းအင်ကို ထုတ်ဖော်လွှမ်းခြုံကြည့်လိုက်သည်။

လှိုဏ်ခေါင်းကြီးက အတွင်းပိုင်းတွင် ဘာမှမရှိပဲ လမ်းဆုံလမ်းခွများက နေရာအနှံ့အပြားသို့ ခွဲဖြာထွက်နေကြသည်။
သူက ၀ိညာဉ်ခေါ်ပုလဲ အစွမ်းဖြင့်ပင် မိစ္ဆာတို့၏ နေရာအတိအကျကို မသိရှိနိုင်ပဲ မိစ္ဆာများ ရှိနေသည်ကိုသာ ခံစားလို့ရသည်။

လှိုဏ်ခေါင်းကြီးက အလွန်နက်ရှိုင်းလှပြီး များစွာသော လမ်းကြောင်းများက တောင်ကြီး၏ အေက်ခြေအထိပင် ပေါက်ရောက်နေသည်။
ရှီယန်က ၀ိညာဉ်ခေါ်ပုလဲ၏ အကူအညီဖြင့် မီတာ ငါးရာ အကွာအဝေးခန့်အတွင်းသာ အတိအကျအာရုံခံနိုင်စွမ်းရှိသောကြောင့် သူက ဟိုး အနက်ရှိုင်းဆုံးအပိုင်းများကို ထောက်လှမ်းလို့မရပဲဖြစ်နေသည်။

သို့သော်လည်း ဒီနေရာက ကြေးခွံနက်မျိုးနွယ်စုမိစ္ဆာနယ်မြေသားများ ပုန်းအောင်းရာနေရာတစ်ခုဖြစ်တာကတော့ သေချာပါသည်။

"အထဲဝင်ကြစို့...အားလုံး သတိရှိကြပါ..."
လင်းနန်က ဂူပေါက်ဝတွင် မတ်တပ်ရပ်ရင်း ပြောသည်။
"မင်းတို့ရဲ့ အသံလွှင့်ကျောက်တုံးတွေကို ထုတ်လိုက်...ဂူထဲဝင်သွားရင်လဲ အဲ့ဒါကို ကိုင်ထားကြ..."

လင်းနန်က ဟုချင်းမန်တို့အဖွဲ့ကိုပြောသည်။

သူတို့လေးယောက်၏ လက်ထဲတွင် ငွေရောင်ကျောက်တုံးတွေရောက်ရှိလာသည်။
ကျောက်တုံးက အပေါက်ငယ်လေးများမြောက်များစွာပါဝင်ပြီး ဒါက အသံကို လိုအပ်သောအကွာအဝေးသို့ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်သော စွမ်းရည်ရှိသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now