အပိုင်း ၁၉၇

1.7K 188 0
                                    

God of Slaughter (chapter - 197)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၉၇) ခုငါ့အလှည့်

မိစ္ဆာနယ်မြေသား ခြောက်ယောက်သည် ရှီယန်က ယန်မိသားစုကဟု ကြားသည်နှင့် တပြိုင်နက် သူ့ထံ တည့်တည့်လျှောက်လာကြသည်။

ဂူထဲတွင် လတ်လျား လတ်လျားလုပ်နေသော ရှီယန်သည် ရုတ်တရက် အားလုံး၏ နံပါတ် ၁ ပစ်မှတ်ကြီးဖြစ်သွားလေတော့သည်။

ရှီယန်က နောက်ဖက်သို့ ခြေလှမ်းအနည်းငယ် ဆုပ်လိုက်ပြီး ကျောက်ဂူနံရံနှင့် ကျောကပ်ထားလိုက်သည်။
အနည်းဆုံးတော့ မျက်ကွယ်ရာမှ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်သွားပြီဖြစ်သည်။

ရှီယန့်ကို မိစ္ဆာနယ်မြေသားများ ၀ိုင်းလာကြသည်ကို မြင်သောအခါ ဟုချင်းမန် တော်တော်လေး နောင်တရသွားသည်။
သူမက ကျယ်လောင်စွာဖြင့်
"သူ့ကို ကာကွယ်ကြ..."

သူမ၏ ခန္ဓာကိုယ်လေးက လေဓါတ်များ ၀န်းရံလျှက် ပေါ့ပါးစွာ စွေ့ကနဲ မြောက်တက်သွားကာ ရှီယန့်ထံ ခုန်ဝင်သွားသည်။

ကျန်သော နတ်ဆိုးနယ်မြေထူးမှ သိုင်းသမား ခြောက်ယောက်မှာလဲ ရှီယန့်ကို သတ်ဖြတ်တော့မည့် မိစ္ဆာနယ်သားများထံ ပြေးဝင်သွားကြလေသည်။

"သတ်..."

အရိုးဖြူစက်သွား က အသံအကျယ်ကြီးမြည်ပြီး လေထုကို ထိုးခွဲကာ အဖြူရောင် အလင်းတန်းအဖြစ် ရှီယန့်ထံ ပစ်လွင့်လာသည်။

လေထဲမှာပင် ထို အရိုးဖြူစက်သွား၏ အသွားလေးများက ကွဲအက်သွားကြပြီး အစိမ်းရောင်အလင်းများ ထွက်ပေါ်လာသည်။

ထို အစိမ်းရောင်အလင်းများက တစေသရဲများသဖွယ် ဝေ့၀ိုက်ခွဲဖြာသွားကြပြီး ရှီယန့်ကို ဖုံးလွှမ်းရန် ကြိုးစားလာကြသည်။

ရှီယန်က ဆွဲငင်အားစက်ကွင်းကို ထိန်းချုပ်တော့မည့်ဆဲဆဲတွင် ထိုအစိမ်းရောင်အလင်းတန်းများထံမှ ရက်စက်သော အငွေ့အသက်များကို ရလိုက်သည်။

"ဗြစ်..ဗြစ်..ဗြစ်..."

အစိမ်းရောင်အလင်းတန်းများက သူ့မျက်စိရှေ့မှာပင် ဖောင်းပွလာကြသည်။
ထိုအရာများက အစိမ်းရောင် သွားချွန်များရှိသော အဆိပ်ပိုးကောင်များပင်ဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Où les histoires vivent. Découvrez maintenant