အပိုင်း ၉၃

2.2K 272 2
                                    

God of Slaughter (chapter – 93)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၃) နတ်ဘုရားစိတ်အာရုံပညာ

တိအန်းမြို့

ညကောင်းကင်ယံထက်တွင် အမည်းစက်ကလေးများ ထွက်ပေါ်လို့လာသည်။
အမည်းစက်လေးများက လရောင်အောက်တွင် တဖြည်းဖြည်းထင်ရှားလာပြီး မြူခိုးစံအိမ်သို့ ဦးတည်နေကြမှန်း သိရှိနိုင်လေသည်။

အဆင့်မြင့်သိုင်းသမားများက အပေါ်သို့ မော့ကြည့်မိကြပြီး ထိုအမည်းစက်လေးများသည် တကယ်တော့ ထူးဆန်းသော မိစ္ဆာသားရဲများဖြစ်ကြောင်း သိရှိလိုက်ကြသည်။
အလွန်မြင့်မားသော အကွာအဝေးမှပျံသန်းနေကြသောကြောင့် အစက်အပျောက်အဖြစ်သာ မြင်တွေ့နေရခြင်းဖြစ်သည်။

အစက်အပျောက်ငါးဆယ်က အရိပ်များပမာ မြူခိုးစံအိမ်ရှိရာသို့ ဦးတည်ပျံသန်းသွားကြသည်။

ထိုအမည်းစက်လေးများ ဆင်းသက်လာချိန်တွင် အကြည့်အားကောင်းသော သိုင်းသမားများက ၄င်းတို့သည် ခုနှစ်မီတာ ရှစ်မီတာခန့်ရှည်သော အနက်ရောင်လင်းနို့ကြီးများဖြစ်ပြီး လူများကို သယ်ဆောင်ခဲ့လာခဲ့ကြကြောင်းကို မြင်တွေ့လိုက်ကြသည်။

ငရဲမှလာသောသတ္တ၀ါများပမာ ချွန်ထက်သောအစွယ်များရှိပြီး အနက်ရောင် အော်ရာများ ဖြာထွက်နေသည်။
သူတို့အပေါ်ထိုင်လိုက်လာသော သိုင်းသမားများ၏မျက်နှာကတော့ သေမင်းတမန်များပမာ အေးစက်နေကြပြီး သွေးရောင်အရှိန်အ၀ါများ ထွက်ပေါ်နေကြသည်။
လူတို့၏အသက်က သူတို့လက်ထဲမှာပင် ရှိနေသည့်အလားပင်ဖြစ်သည်။

အုပ်စု၏ရှေ့ဆုံးရှိ လင်းနို့ကြီးပေါ်တွင်တော့ မျက်နှာတစ်ခုလုံး အမာရွတ်များပြည့်နေသော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် လိုက်ပါလာသည်။
သူ့အမာရွတ်များက တီကောင်များသဖွယ်ပင် မျက်နှာတစ်ပြင်လုံးပြည့်လို့နေပြီး လည်ပင်းအထိ ဖုံးလွှမ်းနေသည်မှာ မသိလျှင် မျက်နှာဖုံးစွပ်ထားသည်ဟုပင်ထင်ရ၏။

သူ့ကိုယ်က နက်ရှိုင်းသော သွေးအရှိန်အ၀ါများ ထုတ်လွှတ်နေသည်။
သူ့အနားသို့ကပ်မိသူတိုင်း မွန်းကြပ်သွားလောက်အောင်ပင် ပြင်းထန်လှသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora