အပိုင်း ၉၆

2.2K 227 5
                                    

God of Slaughter (chapter – 96)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၆) လမ်းတစ်လျှောက်လုံး သတ်

အဖြူရောင်အခိုးအငွေ့များက သူ့ကို ရစ်သိုင်းလို့လာသည်။
ပျက်သုန်းခြင်းစွမ်းအင်များ၏ အကျိုးသက်ရောက်မှုကြောင့် သွေးဆာရက်စက်မှုများ အရူးအမူး အကြမ်းဖက်လိုစိတ်များ နိုးထလာသည်။
ရှီယန့်စိတ်ထဲတွင်ရှိနေသော တစ်ခုတည်းသော ဆန္ဒက
အားလုံးကိုသတ်။

အမှောင်ကမ္ဘာမှ သိုင်းသမားငါးယောက်၏အလယ်တွင် မတ်တပ်ရပ်နေရင်း ရှီယန့်မျက်နှာက တင်းမာခက်ထန်လျှက်ရှိသည်။
ပျက်သုန်းခြင်းစွမ်းအင်အခိုးအငွေ့တန်းများက ထူးဆန်းသော မြွေကြီးများသဖွယ် ထိုသိုင်းသမားများထံသို့ တိုးဝင်သွားသည်။

သို့သော်လည်း အခိုးအငွေ့တန်းများ သူတို့ထံမရောက်မီ ရှီယန့် ရှေ့ရှိ သိုင်းသမားနှစ်ယောက်က ပြိုင်တူခုန်ဝင်လာကြကာ ရှီယန့် ပုခုံးနှစ်ဖက်ကို တစ်ဖက်တစ်ချက်စီ ကုပ်ဆွဲလိုက်ကြသည်။
တစ္ဆေလက်သည်းတိုက်ကွက်။

ဒုတ်…
သိုင်းသမားနှစ်ယောက်၏ လက်ချောင်းများက ရှီယန့်ပုခုံးကို မိမိရရဆုပ်ကိုင်လိုက်မိသော်လည်း သံတုံးသံခဲကြီးကို ကုတ်ဆွဲလိုက်မိသကဲ့သို့ ခံစားသွားရလေသည်။

“ဟီးဟီးဟီး…”
ရှီယန်က အေးစက်စက်ရယ်မောလိုက်ပြီးနောက် လျှင်မြန်စွာမြောက်တက်သွားသော သူ့ခြေထောက်တစ်ဖက်က သိုင်းသမားတစ်ယောက်၏ ဆီးခုံကို ဆောင့်ကန်ပစ်လိုက်ချိန် သူ့လက်တစ်ဖက်က စွန်ကုတ်လက်သည်းပမာ နောက်တစ်ယောက်၏ ရင်ဝကို ထိုးစိုက်သွားလေသည်။

ခြေကန်ချက်မိသွားသော သိုင်းသမားကတော့ နောက်ပြန် လွင့်စင်သွားပြီးနောက် မျက်ဖြူလန်ကာ သေဆုံးသွားလေတော့သည်။သူက လေထဲတွင်ပင် အသက်ထွက်သွားပုံရ၏။
ရင်ဘတ်တွင် အပေါက်ငါးပေါက်ဖြစ်သွားသော သိုင်းသမားကတော့ စူးစူးရွားရွားအော်ဟစ်ရင်း နောက်ဆုပ်လို့သွားသည်။

ရှေ့မှနှစ်ယောက်ကိုတိုက်ခိုက်ပြီးချိန် ရှီယန်၏ ဘေးနှစ်ဖက်နှင့် နောက်ကျောဖက်တွင် မျက်စိဖြင့် မမြင်နိုင်သော ဆွဲငင်အားနယ်ပယ်သုံးခုထွက်ပေါ်လာသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Hikayelerin yaşadığı yer. Şimdi keşfedin