God of Slaughter (chapter – 109)Author: Ni Cang Tian
Translate by: Soe Paing Hmueအပိုင်း (၁၀၉) ရှူရာဘုရင်
နွံအိုင်၏ မီတာတစ်ရာအနက်ထဲတွင်…
ရွှံ့စေးများနှင့် နောက်ကျိနေသောရေများ ရောနှောနေသည်။
ရေထက် ရွှံ့ပါဝင်မှုပိုများသောကြောင့် ရုန်းထွက်နိုင်ရန် အလွန်ခက်ခဲလှသည်။
လူဖြစ်ဖြစ် မိစ္ဆာသားရဲဖြစ်ဖြစ် နွံအိုင်ထဲကျသွားမည်ဆိုပါက တဖြည်းဖြည်း နစ်မြုပ်သွားမည်ဖြစ်ပြီး နွံအိုင်၏ ၀ါးမျိုခြင်းခံရကာ နောက်ဆုံးတွင် နွံအိုင်ကြမ်ပြင်ရှိ အလောင်းများထဲမှ တစ်လောင်းဖြစ်သွားပေလိမ့်မည်။
၎င်းတို့ကို နောက်တစ်ကြိမ်ပြန်လည်မြင်တွေ့ရန် မဖြစ်နိုင်တော့ပါ။သေမင်းနွံတော ကြောက်စရာကောင်းသည်မှာ အရွယ်အစားကြောင့်လဲဖြစ်သည်။
နွံအိုင်များက ရာထောင်ချီရှိနေသောကြောင့် ထိုနွံအိုင်များအတွင်း နစ်မြုပ်သေဆုံးသွားကြသည့် သိုင်းသမားများ မိစ္ဆာသားရဲများမှာ မရေမတွက်နိုင်လောက်အောင်ရှိနေပြီဖြစ်သည်။ဇုအာချီကတော့ ခြွင်းချက်ဖြစ်သည်။
နွံနဂါးနှင့် လူသား မျိုးစပ်ဖြစ်သောကြောင့် သူက သဘာဝအလျှောက် နွံများကို ထိန်းချုပ်နိုင်စွမ်းနှင့် ကြီးပြင်းလာခြင်းဖြစ်သည်။
သေမင်းနွံတောအတွင်းတွင်တော့ သူ့ထက် အဆင့်ပိုမြင့်သော သိုင်းသမားနှင့် ရင်ဆိုင်ရပါစေ ဇုအာချီက အလွယ်တကူ ရှောင်တိမ်းနိုင်ပါလိမ့်မည်။
ဒီနွံအိုင်များတွင်တော့ ဇုအာချီက ရေထဲမှငါးပမာ ကျွမ်းကျင်လှသောကြောင့် ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးပါ။
သို့သော် ယခုတစ်ကြိမ်တွင်တော့ နွံအိုင်နက်ထဲတွင်ပင် ဇုအာချီ၏အမူအယာက ထိတ်လန့်ဟန်ပေါ်လွင်နေပါသည်။
စူးရှစေးပျစ်သော သွေးညှီနံ့ကြီးက မီတာတစ်ရာအနက်သို့တိုင်အောင် ထိုးဖောက်လာကာ စွမ်းအင် လှိုင်းများကလဲ သွေးနဂါးများအလားပင်ဖြစ်သည်။
ထိုစွမ်းအင်က တုန်လှုပ်ဖွယ်ရာ အားကောင်းကာ သူ့ကို ဦးတည်နေသည်။
အောက်ခြေ မီတာတစ်ရာအနက်မှာပင် ထိုစွမ်းအင်က သူ့ကို ဖိအားပေးလာသည်။

VOCÊ ESTÁ LENDO
သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]
Fantasia#သတ်ဖြတ်သူသွေးနတ်ဘုရား (မိတ်ဆက်) (God of Slaughter) Author :Ni Cang Tian Translate by : Soe Paing Hmue "မိတ်ဆက်" သတ်ဖြတ်သူသွေးနတ်ဘုရား (God of Slaughter) စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထုဖြစ်ပါသည်။အပိုင်း ၁၂၀၀ကျော် ဆက်သွားနေဆဲဇာတ်လမ်း။ ဤစာစ...