အပိုင်း ၁၅၉

2K 193 0
                                    

God of Slaughter (chapter – 159)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၉) လက်နက်ကို အဆင့်မြှင့်တင်ခြင်း

ရှီယန့်အမူအယာက ဘာမှမသိလိုက်ဟန်ဖြင့်ပင်ရှိနေသည်။
သူက ကာမွန်း၏ ဘယ်ဖက်လက်မောင်းကို ဒီအတိုင်းပဲ နင်းချိုးခဲ့ပြီးနောက် ခပ်တည်တည်ပင် ထွက်သွားသည်။

ကာမွန်း၏ နဖူးပြင်တွင် ချွေးသီးချွေးပေါက်ကြီးများကျလာသည်။သို့သော်လည်း သူက တစ်ချက်မှမအော်ပါ။
ဟောင်ကျိနှင့် နှစ်ယောက်အတူတူဖေးကူရင်း မတ်တပ်ရပ်လိုက်ကြသည်။

လှေဝမ်းထဲတွင်တော့

တုန်းလှုပ်နေသော ဂျက်၊ နန်ယိုနှင့် အခြားသူများသည် ရှီယန်၏ကျောပြင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေမိကြသည်။
ပြီနောက် ကာမွန်းနှင့် ဟောင်ကျိကိုပြန်ကြည့်ကာ ပုံမှန်မဟုတ်သော ခံစားချက်များကို ခံစားနေကြရသည်။

လင်ဒါက ရှီယန့်ကို မတားခဲ့ပါ။
“ကာမွန်း…ကလဲစားချေဖို့ တွေးတောင်မတွေးလိုက်ပါနဲ့…နင်သူ့ကို မနိုင်နိုင်ဘူး…နင် နောက်ထပ်ပြသနာရှာရင် ငါလည်းမကယ်နိုင်တော့ဘူး…”

အခြားသူများက ရှီယန် ဘယ်လောက်ရက်စက်သည်ကို သေချာသိကြဦးမည်မဟုတ်။
သို့သော်လည်း လင်ဒါကတော့ ကောင်းကောင်းသိပါသည်။
ရှီယန်က ဒါဇင်နှင့်ချီသော ပင်လယ်ဓါးပြများကို မျက်တောင်ပင်မခတ်ပဲ သတ်ဖြတ်ပစ်ခဲ့သည်မဟုတ်လား။
သွေးအေးလွန်းလှသည်။

ထိုတိုက်ပွဲက လင်ဒါ့ကို အမြင်ကျယ်သွားစေသည်။
အန္တရာယ်အဆင့် သိုင်းသမားသုံးယောက်ကတောင် ရှီယန့်ကို တုံ့ပြန်မတိုက်ခိုက်နိုင်ခဲ့ပါ။
ရှီယန့်ကို စိတ်ဆိုးအောင်ထပ်လုပ်လျှင် ကာမွန်းက သူ့ကိုယ်သူ ဘယ်လိုသေသွားမှန်းပင် သိလိုက်မည်မဟုတ်ပါ။

အခြားသူများကိုတော့ လင်ဒါသတိပေးနေစရာမလိုပါချေ။
ကာမွန်းနှင့် ဟောင်ကျိ၏ အခြေအနေကို ကြည့်ကာ ရှီယန် ဘယ်လောက် ရက်စက်တတ်သည်ကို နားလည်သွားကြပြီဖြစ်သည်။

သူတို့နှစ်ယောက်က ဆက်တိုက်ပင် ရှီယန်၏ ကန်ကျောက်ခြင်းကိုခံခဲ့ကြရသည်။
ပြီးတော့ သူတို့နှစ်ယောက်စလုံး ဒုက္ခတဖြစ်သွားပြီမှန်း အားလုံး သဘောပေါက်ကြပြီးဖြစ်ပါသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Nơi câu chuyện tồn tại. Hãy khám phá bây giờ