အပိုင်း ၁၈၃

1.7K 178 0
                                    

God of Slaughter (chapter – 183)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၈၃) မီးတောင်၏ နှလုံးသား

ထို မိစ္ဆာသားရဲကောင်သည် သိပ်ပြီးတော့ မကြီးလှပါ။
သူ့ခန္ဓာကိုယ်က အမွှေးထူသတ္တ၀ါပုံစံမျိုးဖြစ်သည်။
သူက အပူချိန်အလွန်မြင့်မားသော သတ္ထုအရည်ပျော်ဖြင့် သွန်းလုပ်ထားသည်နှင့်တူ၏။

ရှီယန်က အေးစိမ့်ရေခဲမီးလျှံနှင့် စကားပြောနေတုန်းဖြစ်ပြီး သူက ဘွားကနဲပေါ်လာသော မိစ္ဆာသားရဲကို သတိပြုမိလိုက်ချိန်တွင် သူတို့အကြား နှစ်မီတာခန့်သာ ကွာဝေးတော့သည်။
ထိုအကောင်၏ ဦးခေါင်းတွင် အနီရောင် တောက်ပသော ဦးချိုနှစ်ချောင်းရှိနေပြီး မီးလျှံ မီးပွားများ တောက်လောင်နေသည်။
သူက ရှီယန့်ကို ဦးချိုဖြင့် ခုန်ဝှေ့လိုက်ခြင်းဖြစ်လေသည်။

ရှီယန်က လန့်သွားသည်။
သူက အများကြီး စဉ်းစားဖို့ အချိန်မရပါ။
လက်ထဲရှိ နဂါးသတ်ဓါးဖြင့် တစ်ချက် လွှဲခုတ်ပစ်လိုက်လေသည်။

အားပြင်းသော ထိခိုက်မှုနှင့်အတူ မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က ပြတ်ရှသွားပြီးနောက် အနောက်ဖက်သို့ ငါးမီတာ ခြောက်မီတာခန့် လွင့်စင်သွားသည်။
ချော်ရည်ပူထဲတွင်ဖြစ်သောကြောင့် သူတို့က ခြေချစရာ နေရာမရှိပါ။
ထို့ကြောင့် ရှီယန်သည်း တွန်းကန်အားကြောင့် နောက်ဖက်သို့ လွင့်ပါသွားလေသည်။

“ချိုနှစ်ချောင်း မီးမိစ္ဆာပဲ…အဆင့်လေး မိစ္ဆာသားရဲ…သူတို့က ချော်ရည်ပူထဲက မီးကျောက်တုံးတွေကို စုပ်ယူစားသုံးပြီး အသက်ရှင်ကြတာ။
သူ့ ဦးချိုတွေက သိပ်မာတယ်နော်…မီးလျှံသဘာဝ လက်နက်တွေသွန်းလုပ်ဖို့ အဆင့်မြင့် ကုန်ကြမ်းပဲ…ဒီ နဂါးသတ်ဓါးကို သွန်းလုပ်တုန်းကလဲ ချိုနှစ်ချောင်းမီးမိစ္ဆာရဲ့ ဦးချို ပါဝင်ခဲ့တယ်…ဒီချိုနှစ်ချောင်း မီးမိစ္ဆာတွေရဲ့ တိုက်ခိုက်မှုက သူတို့ ချိုနှစ်ချောင်းအပေါ်မှာပဲ မူတည်တာလေ…သူ့ကို ပြန်လှန်တိုက်ခိုက်ဖို့ သိပ်ကိုလွယ်တယ်…”

အေးစိမ့်ရေခဲမီးလျှံက ရှီယန့်ကို သတင်းပို့နေသည်။

အေးစိမ့်ရေခဲမီးလျှံထံမှ အချက်အလက်ကို ရရှိပြီးနောက်တွင်တော့ ရှီယန်က နဂါးသတ်ဓါးကို ကိုင်မြှောက်ကာ ချိုနှစ်ချောင်း မီးမိစ္ဆာအား အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
သူက ချက်ခြင်းပင် သူ့ စိတ်စွမ်းအင်ကို ထုတ်ဖော်လိုက်သည်။
အလွန်အေးစိမ့်သော အားလှိုင်းတစ်ခု ရစ်ပတ်နေသော စိတ်စွမ်းအင်သည် တုန်ခါနေသော လိုင်းတစ်ခုအဖြစ် ချိုနှစ်ချောင်းမီးမိစ္ဆာ၏ ၀ိဥာဉ်ဆီသို့ တိုးဝင်သွားလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now