အပိုင်း ၁၇၄

1.7K 171 0
                                    

God of Slaughter (chapter – 174)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇၄) နားလည်မှုလွဲခြင်း

“နင်….အသည်းနှလုံးမရှိတဲ့လူ…”

ဟုချင်းမန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
သူမ၏ တောက်ပသော မျက်ဝန်းလေးများက အေးစက်သွားသည်။
သူမက ရှီယန့်ကို မုန်းတီးစွာ စိုက်ကြည့်ရင်း
“မမစင်းယန်က နင့်ကြောင့် ဒီလိုဖြစ်သွားတာကို နင်က ၀မ်းသာနေသေးတာလား…နင်..နင့်မှာ အသိတရားရော ရှိသေးရဲ့လား…’’

သူမက ရှီယန့်ကို အထင်သေးစွာဖြင့်စိုက်ကြည့်သည်။
ရှီယန့်မျက်နှာမှ ပျော်ရွှင်မှုအရိပ်အယောင်ကို သူမ မြင်တွေ့လိုက်ရသည်မဟုတ်ပါလော။

တကယ်တော့ ဟုချင်းမန်က အေးစိမ့်ရေခဲမီးလျှံနှင့် ရှီယန် ဆက်သွယ်ပြီး ရှာစင်းယန်ကို ကုသဖို့ နည်းလမ်းတွေ့ရှိသွားကြောင်း မသိလို့ဖြစ်ပါသည်။
ရှာစင်းယန်က ကြားဝင်ခံပေးလိုက်သောကြောင့် သူကံကောင်းသွားသည်ဟူ၍ ရှီယန်က ပျော်ရွှင်နေသည်ဟုသူမ ယူဆလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် အဆက်မပြတ် အပြစ်တင်နေတော့သည်။

အနီးအနားမှ ရှူရာတမန်တော်များသည်ပင် စိတ်ရှုပ်သွားကြသည်။
ရှီယန့် အပျော်မျက်နှာကို တွေ့သောအခါ တစ်ခုခုတော့ လွဲနေပြီဟု ခံစားလိုက်ကြရသည်။

မိုသွမ့်ဟွမ်ကိုယ်တိုင် ရှာစင်းယန် ဝေဒနာက ကုသရန် ခက်ခဲသည်ဟုပြောနေမှတော့ တကယ်ဒဏ်ရာပြင်းထန်နေလို့သဖြစ်ရပေမည်။
ထိုအချိန်မှာပင် ရှီယန်က ပျော်ရွှင်သော အမူအယာပြသလာသောကြောင့် အားလုံးပင် သံသယ၀င်ကုန်ကြသည်။

မိုသွမ့်ဟွမ်တစ်ယောက်သာ တစ်ခြားဖက်မှ စဉ်းစားမိသည်။
ပြီးတော့ အတွေးနက်နေသော အမူအယာဖြင့် ရှီယန့် သွေးနွယ်ရှင်လက်စွပ်ကို ကြည့်လိုက်သည်။

ရှီယန်က ဟုချင်းမန်၏ ပြစ်တင်ပြောဆိုနေမှုကို သိရှိပါသည်။
သို့သော်လည်း ဒီအတိုင်းသာလျစ်လျူရှုထားလိုက်သည်။
သူ၏ အသိစိတ်က အေးစိမ့်ရေခဲမီးလျှံနှင့် နက်ရှိုင်းစွာ ဆက်သွယ်နေတုန်းဖြစ်သည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Where stories live. Discover now