အပိုင်း ၉၁

2.2K 236 2
                                    

God of Slaughter (chapter - 91)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၁) ဓါးပြတိုက်ခံရခြင်း

ယင်ချိုင့်ဝှမ်းအတွင်းဘက်...

ချိုင့်ဝှမ်းအတွင်းရှိ ယင်ကီများအားလုံးကို ရှီယန်က အကုန်အစင်စုပ်ယူပြီးဖြစ်သောကြောင့် တောက်ပသောနေရောင်က ချိုင့်ဝှမ်းအတွင်း ဖြာကျလို့နေသည်။

ခေါင်းကိုးလုံးမြွေနဂါးကြီး၏ ဧရာမကိုယ်လုံးကြီးက မြေပြင်ပေါ်တွင် မလှုပ်မယှက်ငြိမ်သက်လျှက်ရှိပြီး တစ်ကိုယ်လုံးရှိ ဒဏ်ရာဒဏ်ချက်များမှ သွေးများ တစိမ့်စိမ့် စီးထွက်နေသည်။

ယင်ကီမရှိတော့သောချိုင့်ဝှမ်းထဲတွင် ကောင်းကင်အဆင့်သိုင်းပညာရှင်သုံးဦး၏ ပူးပေါင်းတိုက်ခိုက်မှုကို ဘယ်လိုမှ မခုခံနိုင်တော့ပဲ နောက်ဆုံးတွင်တော့ သေဆုံးသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း ချီရှောင်း၊ ဇုအာချီနှင့် ရှာစင်းယန်တို့အပြင် အခြားလူများလဲ ယင်ချိုင့်ဝှမ်းအတွင်းသို့ ၀င်ရောက်လာကြပါသည်။

ရှီယန်နှင့် ဇူရှီတို့လူစုလဲ ထိုနေရာသို့ရောက်ရှိလာကြသည်။
ရောက်ရောက်ချင်းပင် ရှီယန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပြီး မျက်နှာတစ်ချက်ပျက်သွားမိသည်။

ဘိန့်မင်ချီနှင့် ဘိန့်မင်ရှန်တို့က ထိုနေရာတွင် ရောက်နှင့်နေပြီဖြစ်သည်။
ယင်းခွေနှင့် ကျီစင်းတို့က ဘိန့်မင်ချီဘေးတွင်ရှိနေပြီး မုယီဒီးနှင့် ဒီယာလန်းတို့ကလဲ ခေါင်းကိုးလုံးမြွေနဂါးအသေကောင်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ဘိန့်မင်ရှန်တို့အပြင် အမှောင်သခင်နှင့် ခပ်ချောချောလူငယ်လေးလဲ ရှိနေပါသည်။

ချီရှောင်းနှင့် ဇုအာချီတို့က မောပန်းနေကြပြီဖြစ်သည်။တစ်ကိုယ်လုံးလဲ သွေးချွေးများရွှဲစိုနေသည်။
ရှာစင်းယန်၏မျက်နှာကလဲ ဖြူဖျော့လို့နေသည်။
သူမက အာဟာရဖြည့်ဆေးလုံးတစ်လုံးသောက်ထားသော်လည်း အားအင်များပြန်လည်ပြည့်ဖြိုးရန်တော့ အချိန်လိုပါသေးသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora