God of Slaughter (chapter – 58)Author: Ni Cang Tian
Translate by: Soe Paing Hmueအပိုင်း (၅၈) မုန်တိုင်းအစပျိုး
မြေဆွဲအားခန်းဆောင်…
ရှီယန်က အခန်းထောင့်ရှိအိတ်ထဲမှ ၀ါညစ်ညစ် မြေပုံအပိုင်းအစလေးကို ထုတ်ယူကာ ရှီဂျန့်ထံလှမ်းပေးလိုက်သည်။
“ဒီဟာပါ…”ရှီဂျန်၊ ဇူခွါးနှင့် ဇူရှီတို့က သံသယအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ရှီဂျန်က လက်ထဲမှ မြေပုံအပိုင်းအစကို သေချာဂရုစိုက်ကြည့်လိုက်ပြီးနောက် သူ့မျက်လုံးများ အရောင်တောက်လာသည်။
“ကောင်းတယ်…ကြည့်ရတာ အတုနဲ့မတူဘူး…ဒါက တော်တော်လေး ရှေးကျနေပြီ…ဒီပေါ်က တစ်ချို့အမှတ်အသားတွေဆို မှုန်နေပြီ…”“ပြပါဦး…”
ဇူခွါးက အနည်းငယ်တုံ့ဆိုင်းနေပြီးနောက် မြေပုံအပိုင်းအစလေးကို တောင်းယူကြည့်လိုက်သည်။မြေပုံအသားကိုကိုင်ကြည့်ပြီးနောက်
“ဒါ အတုမဟုတ်ဘူး…ငါတို့ဇူမိသားစုမှာ ဒီလိုစာရွက်မျိုးရှိတယ်…ဒါက ရှေးတုန်းက မိစ္ဆာသားရဲတစ်မျိုးရဲ့ ၀မ်းဗိုက်က ပျော့ပျောင်းတဲ့သားရေနဲ့လုပ်ထားတာ…ရေစိုခံနိုင်တယ် မီးမလောင်နိုင်ဘူး…ဖျက်ဆီးဖို့ခက်ခဲတယ်…”“မင်းနဲ့ ကာရု ဘာဖြစ်ခဲ့တာလဲ ငါ့ကိုသေချာရှင်းပြ…ပြီးတော့ ဒီအကြောင်း ဘယ်သူတွေသိသေးလဲ…”
ရှီဂျန့်မျက်နှာက တည်ကြည်နေပြီး အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။သူ့မျက်လုံးထဲမှ ပျော်ရွှင်မှုများကိုတော့ ဖုံးကွယ်မထားနိုင်ပါ။“နင်က သိပ်ထူးဆန်းတာပဲ…”
ဇူရှီ၏ မျက်လုံးလှလှလေးများက ရှီယန့်ကို စူးစိုက်ကြည့်နေ၏။သူမက သူ့ကို ပိုစိတ်ဝင်စားလာပြီဖြစ်သည်။“အင်း…ဒါက ဒီလိုပါ………………………”
ရှီယန်က ရှီဂျန်နှင့် ဇူခွါးတို့အမူအယာကိုကြည့်ပြီး ဒီကိစ္စက အလွန်အရေးကြီးကြောင်းမှန်းဆမိသွားသည်။
ထို့ကြောင့်သူက ရှေးဟောင်းဂူကြီးမှထွက်လာပြီးနောက်ပိုင်း မည်သို့ဖြစ်ပျက်သည်ကို သေချာရှင်းပြလိုက်လေသည်။
VOCÊ ESTÁ LENDO
သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]
Fantasia#သတ်ဖြတ်သူသွေးနတ်ဘုရား (မိတ်ဆက်) (God of Slaughter) Author :Ni Cang Tian Translate by : Soe Paing Hmue "မိတ်ဆက်" သတ်ဖြတ်သူသွေးနတ်ဘုရား (God of Slaughter) စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထုဖြစ်ပါသည်။အပိုင်း ၁၂၀၀ကျော် ဆက်သွားနေဆဲဇာတ်လမ်း။ ဤစာစ...