အပိုင်း ၅

4.5K 450 4
                                    

#သတ်ဖြတ်သူသွေးနတ်ဘုရား Chapter(5)
  (God of Slaughter)

Author   :Ni Cang Tian
Translate by   :Soe Paing Hmue

အခန်း (၅) လျှပ်စီး သိုင်းဝိဥာဉ်

     ရှီယန် မျက်လုံးဖွင့်လိုက်ကာ ခပ်လှမ်းလှမ်းရှိ စမ်းသပ်ခံကျွန်များကို ငေးကြည့်မိသည်။

ထိုကျွန်အများစုသည် ဆင်းရဲသောမိသားစုများမှဖြစ်သည်။သူတို့အသက်ရှင်သန်ဖို့ရာ မိုယန်းယီနှင့် စာချုပ်ချုပ်ဆိုလိုက်ခြင်းမှလွဲ၍ အခြားမရှိ။သူတို့ကိုယ်သူတို့ ကျွန်များအဖြစ် ရောင်းချလိုက်ကြရသည်။အကယ်၍ သူတို့ ကံကောင်းထောက်မစွာ ခြောက်လအထိအသက်ရှင်သန်ခဲ့ပါက ကျွန်ဘဝမှ လွတ်မြောက်ရုံမက ခရမ်းရောင် Crystal coin ၂၀၀ ကိုလဲ ခံစားခွင့်ရှိမည်ဖြစ်ပြီး စမ်းသပ်မှုများအတွင်း သေဆုံးခဲ့လျှင်လည်း သူတို့မိသားစုဝင်များက ဆက်လက်ခံစားခွင့်ရမည်ဖြစ်၏။

ဤ Grace ကုန်းမြေဒေသကြီးတွင် အနက်ရောင် Crystal coin တစ်ပြားသည် ခရမ်းရောင် Crystal coin တစ်ရာနှင့်ညီမျှပြီး ထိုအရာက အပြာရောင်Crystal coin တစ်သောင်းနှင့် ညီမျှသည်။သာမာန်ပြည်သူတစ်ယောက်၏ တစ်နှစ်ဝင်ငွေသည် ခရမ်းရောင် Crystal coin ငါးပြား ခြောက်ပြားသာဖြစ်သောကြောင်း ခရမ်းရောင် Crystal coin ၂၀၀ ဆိုသည်မှာ အနှစ်လေးဆယ်စာဝင်ငွေနှင့်ညီမျှနေလေသည်။

သို့သော်လည်း ဤရက်စက်ကြမ်းတမ်းသော ခရီးရှည်ကြီးက သူတို့ထင်တာထက်ဆိုးသည်ကိုတော့မမျှော်မှန်းထားခဲ့ကြပါ။ရက်အနည်းငယ်အတွင်း သူတို့ထဲမှအချို့ ကြောက်စရာအကောင်းဆုံးနည်းလမ်းများဖြင့် တဖြုတ်ဖြုတ်သေကုန်ကြသောအခါတွင်မှ ထိတ်လန့်တုန်လှုပ်လာကြကာ ကိုယ်ပိုင်အစီအစဉ်လေးများ တိတ်တဆိတ် ချမှတ်လာကြသည်။

ဒါပေမဲ့ စာချုပ်က စာချုပ်ပဲဖြစ်သည်။စာချုပ်ပေါ် တစ်ကြိမ်လက်မှတ်ထိုးလိုက်ပြီးသည်နှင့် လွတ်လမ်းမရှိတော့။ဆိုလိုတာက နောက်ခြောက်လအတွင်း သူတို့အသက်သည် မိုမိသားစု အပိုင်ဖြစ်သည်။အမိန့်ကိုဆန့်ကျင်လျှင်သော်လည်းကောင်း ထွက်ပြေးရန်ကြိုးစားလျှင်သော်လည်းကောင်း မိုမိသားစုက သတ်ဖြတ်ပိုင်ခွင့်ရှိ၏။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Où les histoires vivent. Découvrez maintenant