အပိုင်း ၁၅၈

2K 193 1
                                    

God of Slaughter (chapter - 158)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၅၈) အနှောက်အယှက်

"ကာမွန်း ဘာလုပ်နေတာလဲ..."

"မေးဖို့လိုလို့လားကွာ...ညီမ လင်ဒါနဲ့ ဟိုကောင်လေးနဲ့ ဘာတွေဆွေးနွေးနေလဲ သိချင်လို့နေမှာပေါ့...ပြောသာပြောရတယ် ငါ့စိတ်ထဲလဲ တော်တော်ထူးဆန်းနေတာကွ...လင်ဒါနဲ့အတူ ဒီကောင်လေးပင်လယ်ဓါးပြတွေဆီ လိုက်သွားပြီးကတည်းက လင်ဒါက ဒီကောင်လေးအပေါ် အလေးပေးလာပုံရတယ်...သူက ဒီကောင်လေးကို ခနခန ခေါ်ဆွေးနွေးနေတော့တာပဲ...သူတို့နှစ်ယောက်မှာ လျှို့ဝှက်ချက်တစ်ခုခုရှိပုံရတယ်...''

"လျှို့ဝှက်ချက် သေချာပေါက်ကိုရှိမှာ....မမလင်ဒါက ဒီကောင်လေးကို တစ်ခုခုအလုပ်လုပ်ခိုင်းနေပုံရတယ်...မဟုတ်ရင် ဘာကိစ္စ ဒီလောက် ခနခနခေါ်နေစရာအကြောင်းရှိလို့လဲ..."

"ကာမွန်းတော့ တစ်ခုခုကြားလောက်ပြီထင်တယ်...သူ အဲ့ဒီမှာရပ်နေတာ တော်တော်ကြာနေပြီ..."

"ဂရုစိုက်မနေပါနဲ့...ကာမွန်းအကြောင်း မသိတာမှတ်လို့...''

"... ..."

ကုန်းပတ်ပေါ်ရှိသိုင်းသမားများသည် စုစု စုစုနှင့် ဝေဖန်နေကြသည်။

ဟောင်ကျိတို့လို ကာမွန်းဖက်ကလူများရော ဂျက်တို့လို လင်ဒါ့ဖက်မှလူများရော ကာမွန်းကို ဘာမှသွားမပြောကြပဲ ကြည့်သာကြည့်နေကြသည်။
သူတို့က ကာမွန်းပြောသော သတင်းစကားများကို သိလိုကြပါသည်။

လူအုပ်စုက တီးတိုးစကားများဆိုနေကြရင်း ကာမွန်းကိုလဲ အကဲခတ်နေကြသည်။
သူတို့က စိတ်အေးလက်အေးသာရှိနေကြပါသည်။

အားလုံး ကြည့်နေကြဆဲမှာပင် ကာမွန်း၏မျက်နှာကြီးက အလွန်အကြည့်ရဆိုးသွားပြီးနောက် သူ့မိန်းမ လင်ငယ်နေတာမိသွားသလို ဒေါသတကြီးဖြစ်လာသည်။
သူ့အမူအယာက ချက်ခြင်းပြောင်းလဲသွားခြင်းဖြစ်ပြီး လူသတ်ချင်သောအရိပ်အယောင်များကိုပင် မြင်လိုက်ကြရသည်။

"ဟေး..."
ဟောင်ကျိတို့ ဂျက်တို့က တစ်ပြိုင်နက်တည်း အာမေဋိတ်သံများ ထွက်သွားကြသည်။
သူတို့အကုန်လုံးက ကာမွန်း၏ ထူးဆန်းသောအမူအယာကို မြင်လိုက်ရလေသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora