အပိုင်း ၉၇

2.2K 222 0
                                    

God of Slaughter (chapter - 97)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၉၇) ကြိတ်ချေသည်

မုဟိုင်က ကိုယ်ရှိန်သတ်ကာ ရှီယန့်ကို အသေအချာ အကဲခတ်လိုက်သည်။
သူမျက်လုံးများက လေးနက်တည်ကြည်သွားပြီးနောက် သွေးသံရဲရဲ အစုတ်စုတ်အပြတ်ပြတ်ဖြင့် လူသတ်အရူးပုံစံပေါက်နေသော ရှီယန့်ထံ တစ်လှမ်းချင်း တိုးကပ်သွားသည်။

လူသားအဆင့် သိုင်းသမားများ ရှီယန့်လက်ချက်ဖြင့် အသီးသီး သေဆုံးသွားကြပြီဖြစ်သည်။အထူးသဖြင့် နောက်ဆုံးနှစ်ယောက်။
သူ ရှီယန့်အပေါ် စိတ်ထိန်းချုပ်သိုင်းဝိဥာဉ်အသုံးပြုထားတာတောင် ထိုနှစ်ယောက် အသတ်ခံလိုက်ရသေးသည်။

"မင်း မဆိုးဘူး..."
မုဟိုင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီးနောက်
"ဒါပေမဲ့ အဖြေကတော့ အတူတူပါပဲ...မင်း ငါ့လက်နဲ့ သေရမှာပဲထူးခြားသွားတာပေါ့..."

ရှီယန့်ပုံစံက အနည်းငယ်ဒေါသထွက်လာဟန်တူသည်။
သူ့မရီဒျန်များအတွင်းရှိ ပျက်သုန်းခြင်းစွမ်းအင်များက ဖြူဖျော့ဖျော့ အခိုးအငွေ့များအဖြစ် သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလို့ထားသည်။

မတူညီသော စိတ်ခံစားချက် စွမ်းအင်များက သူ့တစ်ကိုယ်လုံး ဗြောင်းဆန်နေသည်။
ထိုကြမ်းတမ်းသော လူသတ်လိုစိတ်များက ငယ်ထိပ်မှ ခြေဖျားအထိ ပျံ့နှံ့လျှက်ရှိသည်။
ထိုစိတ်ဆန္ဒမှာ နတ်ဆိုးတစ်ကောင်က သူသွားမည့်လမ်းတစ်လျှောက်လုံးရှိ အတားအဆီးမှန်သမျှ ဖျက်ဆီးပစ်တော့မည့်အလားပင်ဖြစ်သည်။

သို့သော်လည်း ရှီယန့်အသိစိတ်ကတော့ ကြည်လင်သန့်ရှင်းလျှက်ပင်ရှိလို့နေပါသည်။

ဒေါသမုန်တိုင်းသိုင်းပညာကို ဖော်ထုတ်ထားသောကြောင့် ရှီယန့် အာရုံများက အလွန်တရာထက်မြက်နေသည်။
သူက ဗရမ်းဗတာဖြစ်လို့နေသော လောကကြီး၏ သိပ်အရေးမပါသော အသေးစိတ်အချက်အလက်လေးများကိုပင် သတိပြု ခံစားမိနေသည်။
သူက မုဟိုင်၏ ခန္ဓာကိုယ်တွင်းမှ ကီစွမ်းအင်စီးကြောင်းများကိုလဲ သိရှိခံစားလို့ရနေပါသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]حيث تعيش القصص. اكتشف الآن