God of Slaughter (chapter – 86)Author: Ni Cang Tian
Translate by: Soe Paing Hmueအပိုင်း (၈၆) ယင်ချိုင့်ဝှမ်း
ယင်ချိုင့်ဝှမ်းက သေမင်းနွံတော၏အလယ်ကျကျအပိုင်းတွင်တည်ရှိသည်။
သေမင်းနွံတောက မရေမတွက်နိုင်သော နွံပြင်များ စုစည်းနေပြီး ခြေချစရာ ကုန်းမြေပင် ရှားပါးလှသော်လည်း ယင်ချိုင့်ဝှမ်းကတော့ ခြွင်းချက်ဖြစ်သည်။
ထိုနေရာတစ်ဝိုက်တွင် နွံပြင်များ ရွှံ့များ မရှိပါ။
မြေပြင်ကလဲ ပြန့်ပြူးနေပြီး စိုထိုင်းထိုင်းဖြစ်နေသော်လည်း သေမင်းနွံတောကဲ့သို့ ရွှံ့နွံများမရှိချေ။ယင်ချိုင့်ဝှမ်းက သဘာဝလွန် နယ်ပယ်တစ်ခုသဖွယ်ဖြစ်သည်။
ယင်ချိုင့်ဝှမ်း၏အထက်ကောင်းကင်ပြင်တွင် ထူထပ်သော အမည်းရောင်မိုးတိမ်တောင်များက တစ်နှစ်ပတ်လုံး ဖုံးအုပ်လျှက်ရှိသည်။
ထိုနေရာတွင် နေကိုသော်လည်းကောင်း လကိုသော်လည်းကောင်း ဘယ်တော့မှ မြင်တွေ့ရလိမ့်မည်မဟုတ်ချေ။ယင်ချိုင့်ဝှမ်းတွင် ယင်ကီစွမ်းအင်များက အလွန်သိပ်သည်းသောကြောင့်ဖြစ်ပေလိမ့်မည်။
အတွင်းသို့ ၀င်ရောက်သူတိုင်း မသက်မသာခံစားကြရသည်။ထိုနေရာက အေးခဲမနေသော်လည်း ပတ်ဝန်းကျင်ရှိ ယင်ကီစွမ်းအင်များကြောင့် လူအများက အရိုးထဲထိအောင် အေးစိမ့်မှုကို ခံစားကြရသည်။
မကောင်းဆိုးရွား ၀ိဥာဉ်များ ခိုအောင်းနေထိုင်ရာနေရာကဲ့သို့ ခံစားကြရမည်ဖြစ်ပြီး ကြက်သီးထစရာကောင်းလှသည်။ရှီယန်က ယင်ချိုင့်ဝှမ်းသို့ ခြေချလိုက်မိသည်နှင့် မျက်မှောင်တစ်ချက်ကြုံ့သွားမိသည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သော်လည်း အသွေးထဲအသားထဲမှ အနေခက်မှုများက ပျောက်ပျက်မသွားပါ။
အလွန်အမင်းချမ်းဆီးနေခြင်းမဟုတ်သော်လည်း လူတိုင်းက သက်တောင့်သက်သာမရှိကြပါချေ။စိုထိုင်းထိုင်းမြေပြင်ပေါ်တွင်ရပ်နေရင်း ရှီယန်က ပတ်ဝန်းကျင်ရှိ သစ်ပင်မျိုးစိတ်များကို လိုက်လံကြည့်ရှုနေမိသည်။
ESTÁS LEYENDO
သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]
Fantasía#သတ်ဖြတ်သူသွေးနတ်ဘုရား (မိတ်ဆက်) (God of Slaughter) Author :Ni Cang Tian Translate by : Soe Paing Hmue "မိတ်ဆက်" သတ်ဖြတ်သူသွေးနတ်ဘုရား (God of Slaughter) စာစဉ်သည် 18+ အမျိုးအစား တရုပ်သဘာဝလွန်ဝထ္ထုဖြစ်ပါသည်။အပိုင်း ၁၂၀၀ကျော် ဆက်သွားနေဆဲဇာတ်လမ်း။ ဤစာစ...