အပိုင်း ၂၄

2.9K 296 0
                                    

God of Slaughter (chapter – 24)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၂၄) ဒုက္ခရောက်ပြီ

     “အန်ကယ်လူ…ကျမတို့ ပြန်ဆုပ်ဖို့လိုလို့လား…”
ပြန်လည်ဆုပ်ခွာလာကြစဉ်အတွင်း ဒီယာလန်းက မကျေမနပ်ဖြင့် မေးလိုက်သည်။လက်ထဲမှဓါးဖြင့်လဲ သစ်ပင်များကို ဒေါသတကြီးခုတ်ထစ်နေရင်း
“အဲ့ဒီ ခွေးမျိုးကြီးက ကျမနဲ့ မြောင်မိန်းကလေးကိုတောင် စော်ကားရဲတယ်… ဓါးနဲ့ မသေမချင်း ထိုးသတ်ပစ်ချင်တာ…ကျမ သည်းမခံနိုင်ဘူး…”

“နင်တို့သာ ပေါ်မလာရင် ဘာမှဖြစ်စရာအကြောင်းမရှိဘူး…ခုတော့…ခုတော့ ငါတို့ ကိုယ်ငါတို့ ဒုက္ခရောက်အောင်လုပ်ခဲ့မိပြီ…ဟင်း…”
လူဟာက သက်ပြင်းချရင်းပြောလိုက်သည်။
“ပွစိပွစိလုပ်မနေနဲ့ မြန်မြန်သွားကြမယ်…ငါတို့ ဒီအခြေအနေကနေ လွတ်မြောက်ကောင်းပါရဲ့….”

“အန်ကယ်လူ … သမီးတို့ ထွက်လာကြပြီးပြီပဲ…ဘာများမှားနေလို့လဲ…”
မြောင်ယီဒီးက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဒီကိစ္စက မင်းတို့ ထင်ထားတာထက် ပိုရှုပ်ထွေးတယ်…”
လူဟာက ခေါင်းတစ်ယမ်းယမ်းဖြင့် ပြောသည်။
“အဲ့ဒီ ကြေးစားစစ်သားတွေအကုန် တစ်ယောက်မှ လူကောင်းတွေမဟုတ်ဘူး…သူတို့ ခေါင်းဆောင် နင့်ကိုကြည့်တဲ့အကြည့်တွေထဲမှာ သူ့ရဲ့ တပ်မက်မှုတွေကို ငါမြင်ရတယ်…ဒါက ရှင်းရှင်းလေးပဲ…သူနင့်ကို လွယ်လွယ်လွှတ်ပေးမှာမဟုတ်ဘူး…”
“မင်းတို့ သတိထားမိမလားမသိဘူး…လောင်မီးမြွေကို ဖျက်နေကြတဲ့ ကြေးစားလေးယောက်လေ…အစတုန်းကတော့ သူတို့က နင်တို့ကို အသည်းအသန် စိတ်ဝင်စားနေကြတာမဟုတ်လား…ဒါပေမဲ့ ငါတို့ ထွက်ခွာလာတဲ့အချိန်မှာတောင် သူတို့ပုံစံကြည့်ရတာ ဘာမှ ထူးခြားဟန်မပြဘူး… ဒါကြောင့် သူတို့ လက်လျှော့လိုက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး… အဖြစ်နိုင်ဆုံးက သူတို့ ခေါင်းဆောင်မှာ အစီစဉ်ရှိတာ သူတို့ ကောင်းကောင်းသိထားလို့ပဲဖြစ်ရမယ်…”

မြောင်ယီဒီးက ပိုမို ဖြူဖျော့သွားသည်။
“အန်ကယ်လူ…သူတို့က သမီးတို့ကို လိုက်ဖမ်းလိမ့်မယ်လို့ အန်ကယ် ယူဆထားတာလား…”

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Hikayelerin yaşadığı yer. Şimdi keşfedin