အပိုင်း ၁၇၀

1.8K 177 1
                                    

God of Slaughter (chapter – 170)

Author: Ni Cang Tian
Translate by: Soe Paing Hmue

အပိုင်း (၁၇၀) ရပြီ

ရှစ်မြှောင့် မိစ္ဆာဝင်္ကဘာ ပျက်စီးသွားသည်ကို သိသောကြောင့် ရှီယန်က ၀ိဥာဉ်ခေါ်ပုလဲကို အမြန်ယူမလို့လုပ်လိုက်ခြင်းဖြစ်သည်။

“နေဦး…”
သွေးနွယ်ရှင်လက်စွပ်ထဲမှ အေးစိမ့်ရေခဲမီးလျှံက ကမန်းကတမ်း လှမ်းအော်လိုက်သည်။

ရှီယန့် လက်က လမ်းခုလတ်တွင် ရပ်တန့်လို့သွားသည်။

ချက်ခြင်းဆိုသလိုပင် မရေမတွက်နိုင်အောင်များပြားလှသော ဒေါသထွက်နေသည့် ၀ိဥာဉ်အုပ်ကြီးက ကန်ရေပြင်ထက်မှ ပျံဝဲဆင်းသက်လာသည်။
ရာထောင်ချီသော အနက်ရောင်အလင်းတန်းများအဖြစ် ၀ိဥာဉ်ခေါ်ပုလဲထဲသို့ တိုးဝင်လာကြလေသည်။

“၀ိဥာဉ်ခေါ်ပုလဲက ၀ိဥာဉ်တွေကို စုဆောင်းနေတဲ့အချိန်မှာ အားအနည်းဆုံးပဲ…အခု လှုပ်ရှားတော့…ပြီးတော့ ၀ိဥာဉ်တွေရဲ့ တိုက်ခိုက်မှုကို မင်းရဲ့ ၀ိဥာဉ်တုနဲ့ပဲ ခံယူဖို့ မမေ့နဲ့နော်…”
အေးစိမ့်ရေခဲမီးလျှံက သတိပေးသည်။
“နောက်တစ်ခုက မင်း ပုလဲကို ဖမ်းဆုပ်မိတာနဲ့ အဲ့ဒါကို တံတွေးနဲ့ ထွေးပစ်လိုက်…မှတ်မိတယ်နော်…ဒါမှ ၀ိဥာဉ်ခေါ်ပုလဲက မင်းကို ထပ်မတိုက်တော့မှာ…”

“လိ…ဒီရေအောက်မှာ ငါက ဘယ်လိုလုပ် တံတွေးထွေးရမှာလဲဟ…”

“အာ…မင်း ပုလဲကို ရတာနဲ့ တပြိုင်နက် ငါက ရေခဲအလွှာတစ်ခုနဲ့ ရေတွေကို ကာပေးထားလိုက်မယ်…”

“ချကွာ…”

ထိုသို့ ခပ်တိုတို အပြန်အလှန်ပြောပြီးနောက် ရှီယန်က လက်ကို ဆက်လက် ဆန့်တန်းလိုက်ပြီး ၀ိဥာဉ်ခေါ်ပုလဲကို ဆုပ်ကိုင်လိုက်လေတော့သည်…။

ရုတ်တရက်…

ဝိဥာဉ်ခေါ်ပုလဲထဲမှ မြောက်များလှစွာသော ၀ိဥာဉ်များက သန်းပေါင်းများစွာသော ဓါးသွားများသဖွယ် ရှီယန့် ၀ိဥာဉ်ထံ တိုးဝင်လာကြသည်။

ဝိဥာဉ်ခေါ်ပုလဲကို ဆုပ်ကိုင်လိုက်သည်နှင့် ၀ိဥာဉ်များက ထွက်ပေါက်ရှာတွေ့သွားသည့်အလား ပုလဲလုံးအတွင်းမှ လျှံထွက်လာကြခြင်းဖြစ်သည်။
သူတို့က ရှီယန့်လက်မောင်းတစ်လျှောက်မှ ထိုးတက်လာကြပြီးနောက် ရှီယန့် စိတ်ထဲကို တိုးဝင်သွားကြသည်။

သတ်ဖြတ်သူသွေးနတ်ဘုရား(ရှီယန်)[Zawgyi + Unicode]Donde viven las historias. Descúbrelo ahora