ငါက သူ့ဆရာ

43.1K 1.8K 38
                                    

ငါက သူ့ဆရာ
@@@@@@

ငါက သူ့ဆရာ၊ ဒီထက်ပိုပြီး တိတိကျကျ ပြောရရင် ငါ သူ့အပေါ်မှာ မကောင်းခဲ့ဖူးတဲ့ဆရာ၊ သူနဲ့ငါရဲ့ တွေ့ဆုံမှုဟာ သိပ်ပြီး ရိုးစင်းလွန်းခဲ့ပါတယ်။ ငါက ထိုက်တန်သူ လောကမှာ ဆရာတစ်ဆူ ဖြစ်တယ်။ အတွင်းဆောင် အပြင်ဆောင် တပည့်တွေရဲ့ ခစားခြင်းကို ငါက ခံယူရတယ်။ ငါ့မှာ အတွင်းဆောင်တပည့် ရှစ်ဦးရှိတယ်။ အပြင်ဆောင်တပည့်တွေကိုတော့ ငါက စိတ်ထဲမှာ ထားလေ့ မရှိတာကြောင့် ဘယ်နှစ်ယောက်လဲ ဆိုတာကို တောင်ရဲ့ကြီးကြပ်သူတွေကပဲ သိနိုင်မယ်။ ငါကတော့ မသိနိုင်တော့ဘူး။

ယိုဟွားဆိုတဲ့ ပန်းတွေ ပွင့်တဲ့တောင်တန်းတစ်ခုလုံးက ငါ့ပိုင်နက် ဖြစ်တယ်။ ဒီပိုင်နက်ထဲကို ဘယ်သူကမှ ဝင်ရောက်ကျူးကျော်နိုင်ခြင်း မရှိဘူး။ ငါဟာ ထိုက်တန်သူလောကက ဆရာတစ်ဆူ ဖြစ်လို့ပဲ၊ ငါ သိပ်ပြီး စိတ်မရှည်တတ်တဲ့ အကျင့်ဆိုး ရှိတယ်။ သိပ်ပြီးလည်း ရှုပ်ထွေးမှုတွေကို လက်မခံနိုင်တဲ့ အကျင့်ဆိုး ရှိတယ်။ ပြီးတော့ ငါဟာ ကောင်းမွန်တဲ့ အမူအကျင့်တွေနဲ့ ပြည့်နှက်နေတယ်လို့ ဆိုရင် ဒါဟာ အကြီးအကျယ် မှားယွင်းမှုမျိုးပဲ ဖြစ်လိမ့်မယ်။

တစ်ရက် စောစောမှာ ငါဟာ တောင်တစ်ခုလုံးကို ပတ်ပြီး ကြည့်နေခဲ့တယ်။ ငါ့အပြင်ဆောင် တပည့်တစ်ဦးဟာ ကောင်လေးငယ်ငယ် တစ်ဦးကို သင်ကြားပေးနေတယ်။ အဲ့ဒီမြင်ကွင်းကို ငါက တစ်ရှီချန်လောက် ကုန်အောင် စောင့်ကြည့်နေခဲ့တယ်။ နောက်ဆုံးမှာ ငါဟာ ဝင်ပါဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဘာလို့လဲ ဆိုတော့ သင်ပေးတဲ့ဆရာက သင်ကြားခံရသူ တပည့်လေးထက် ပိုပြီး ဝိဉာဉ်စွမ်းက နိမ့်ကျနေလို့ ဖြစ်တယ်။ အရွယ်မရောက်သေးတဲ့ ဝိဉာဉ်စွမ်းကို သာမာန် ကျင့်ကြံသူတွေ မမြင်နိုင်ဘူး။ ငါလို စွမ်းအားကြီးမားတဲ့ ကျင့်ကြံသူကတော့ ဒီလိုမျိုး အတိအကျ ခွဲခြားသိနိုင်ခဲ့တယ်။

‘ဒီတပည့်လေးကို ငါ့ကို ပေးလိုက်ပါ၊ မင်း ဒါနဲ့ လှဲလှယ်မလား’

ငါဟာ သူ့ကို ပညာသင်ပေးမယ် ဆိုပြီးတော့ သူ့ဆရာဆီကနေ ကျောက်စိမ်းတစ်ပြားနဲ့ လှဲလှယ်ခဲ့တယ်။ အဲ့ဒီကျောက်စိမ်းပြားဟာ နေရာတွေကို လျင်မြန်စွာ သွားရောက်နိုင်တဲ့ စွမ်းရည် ရှိတယ်။ သူ့ဆရာဟာ သူ့တပည့်အတွက် ငါ့ကို အကြိမ်ကြိမ် အရိုအသေပြုပြီး ကျေနပ်စွာ ကျန်နေခဲ့တယ်။ ဘာလို့များ သူများဆီကနေ တပည့်လေး သွားလုခဲ့တာလဲ ဆိုတာကို နားမလည်နိုင်ပေမယ့် ငါ သူ့ကို ငါနေတဲ့ တောင်ထွဋ်ကို ခေါ်လာခဲ့တယ်။ သူကလည်း ငါ့အနောက်ကနေ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့တယ်။ တကယ်ဆို ငါက သူ့ရဲ့ဆရာဘိုးဘိုးပဲ၊ ဒါပေမယ့် သူ့ကို သင်ပေးမယ် ဆိုပြီး ခေါ်လာတော့ ငါက သူ့ရဲ့ဆရာ ဖြစ်လာတယ်။ တောင်ထွဋ်ကို ရောက်ရောက်ချင်း ငါသူ့ကို ပြောခဲ့တာက၊

ငါက သူ့ဆရာWhere stories live. Discover now