ငါကသူ့ဆရာ-14

9.6K 1.3K 238
                                    

ငါကသူ့ဆရာ-14

@@@@@@@

သူ ရုတ်တရက် ကြောင်အသွားပေမယ့် အဲ့ဒီနေရာကနေ ချက်ချင်းပဲ ပြေးထွက်လာခဲ့တယ်။ ပိုင်ဟွားဝူက သူ့ပေါ်မှာ နေနေရင်းက သူ့ကို မှာကြားတယ်။

"လူမသတ်နဲ့၊ ကြားလား၊ လူမသတ်ရဘူး"

"ဆရာ"

"ယိုဟွားတောင် အနောက်ကမ်းကို သွားကြမယ်၊ သူတို့ ဘာဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ဒါပေမယ့် မင်းကတော့ လူမသတ်ရဘူး"

သူ ပြေးနေတယ်၊ ဒီကံတရားကြီးက မပျောက်နိုင်ဘူး၊ ပြီးတော့ ကမောက်ကမနဲ့၊ ပိုပြီး ဆိုးတာက သူဟာ တစ်ယောက်တည်း ထိခိုက်တာ မဟုတ်ပဲနဲ့ ပိုင်ဟွားဝူကိုပါ သူ့ရဲ့ဆိုးဝါးတဲ့ ကံတရားထဲကို ဆွဲထည့်မိတယ်။

ယိုဟွားတောင် အနောက်ကမ်းက မိစ္ဆာတောအုပ် ရှိတဲ့နေရာပဲ၊ သူ ပိုင်ဟွားဝူကို ခေါ်သွားလို့ ရပါ့မလား၊ သူ့ခန္ဓာကိုယ်က မိစ္ဆာရဲ့ ကိုယ်ခန္ဓာမို့လို့ ဒီတောင်ထဲကို အလွယ်တကူ ဝင်သွားလို့ ရနိုင်ပေမယ့် ပိုင်ဟွားဝူက ဝိဉာဉ်တောင်မှ နှစ်ခြမ်းကွဲမသွားအောင် တောင့်ခံထားရတာ၊ သဘာဝမိစ္ဆာအရိပ်အငွေ့တွေရဲ့ သဘောတရားကိုက မိစ္ဆာခန္ဓာကိုယ်တိုင်းကို အထောက်အပံ့ ပေးနိုင်ပြီးတော့ လူသားကိုယ်ခန္ဓာကို အင်အားနည်းစေနိုင်တာ။

တောအုပ်ငယ် အစပ်မှာ သူ ရပ်သွားမိတယ်။ ပိုင်ဟွားဝူက သူ့ကို ဝင်လေ ဆိုတဲ့ ပုံစံနဲ့ မျက်လုံးစွေကြည့်တယ်။ သူ အတွင်းထဲကို ခြေလှမ်းချပြီးနောက်မှာ ပိုင်ဟွားဝူရဲ့ အသက်ဓာတ်ဟာ စတင်ပြီး လျော့နည်းလာပြီ။ သူ ခြေလှမ်းတွေ ရပ်လိုက်တယ်။

"ဆရာ မင်းရဲ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မယ်၊ ဒီလိုသာဆိုရင် သုံးရက်မကြာခင်မှာပဲ မင်း လမ်းလျှောက်နိုင်တော့မှာ မဟုတ်ဘူး"

"သွား၊ ဒီနည်းလမ်းပဲ ရှိတယ်၊ ငါတို့ ဒီမှာပဲ နေလို့ ရမယ်၊ သူတို့တွေ ဒီထဲကို မဝင်ရဲဘူး"

သူကတော့ ဆက်လျှောက်လာခဲ့ပေမယ့် ပိုင်ဟွားဝူက အစက သူ့လက်မှာ ထိုင်နေနိုင်သေးတယ်၊ နောက်တော့ သူက ပွေ့ထားရမယ့် အခြေအနေကို ရောက်လာခဲ့တယ်။

ငါက သူ့ဆရာWhere stories live. Discover now