ငါကသူ့ဆရာ-25 Final Part

20.5K 1.7K 475
                                    

ငါကသူ့ဆရာ-25 ဇာတ်သိမ်း

@@@@@@@@@@@@

"ကောင်းတယ်"

စာကြည့်တိုက်ထဲကို ဘယ်သူမှ ဝင်လို့ မရနိုင်တာကြောင့် အစ်မငါးက စိတ်ချသွားဟန်ဖြင့် သူမ၏ ဓားကို ယူကာ တောင်အေက်သို့ ဆင်းရန် ပြင်တယ်။ သူ ရုတ်တရက် အခြေအနေတစ်ခုကို သတိရသွားပြီးမှ အစ်မငါးအား ဟန့်တားလိုက်မိသည်။

"အစ်မငါး၊ သတိထားနော်၊ ပြီးတော့ ဒါလေး ယူသွား"

အစ်မငါး၏ လက်အတွင်းသို့ သစ်ရွက်ငယ်လေး တစ်ရွက်ထည့်ပေးလိုက်တော့ အစ်မငါးက သူ့အား တအံ့တသြဖြင့် ကြည့်လာပြီး၊

"ထူးထူးဆန်းဆန်းနဲ့ မင်း"

"သတိထား"

"သိပြီ"

ပြေးထွက်သွားတဲ့အခါမှ သူလည်း သူ့နေရာ ဖြစ်တဲ့ တောင်ပိုင်း ယိုဟွားတောင်ကုန်းသို့ ပြန်လာခဲ့လိုက်လေတယ်။ တောင်ပိုင်း တစ်လျှောက်ကို ရွေးချယ်ရခြင်းက တောင်ပိုင်းတစ်လျှောက်က ဟွားဝူ၏ တဲငယ်နှင့် ပို၍ နီးကပ်သည့်အပြင် အနောက်ကမ်းသို့ ကူးမည် ဆိုပါက သင့်တော်သော အနေအထားတွင် ရှိလေတယ်။ ပြောရလျှင် ဒီဆိုးသွမ်းမိစ္ဆာတွေကို အနောက်ကမ်းသို့ ပြန်ပို့ရလွယ်စေမည့် နေရာကို ရွေးချယ်ထားခြင်း ဖြစ်ပြီး လုံလောက်သော စွမ်းအားမရှိမှာကို အစ်ကိုနှစ်နှင့် အစ်ကိုခြောက်က ပူပန်နေခဲ့သေးတယ်။

ဒါပေမယ့် ဒီတောင်ပိုင်းယိုဟွားတောင်ကုန်းကို တာဝန်ယူဖို့ မည်သူမျှ မဝံ့ရဲတာရယ် သူနဲ့လည်း အသင့်တော်ဆုံး ဖြစ်နေတာရယ်ကြောင့် သဘောတူလိုက်ရခြင်းသာ ဖြစ်လေတယ်။ အကာအကွယ်ပထမစည်း ကျိုးပျက်သွားပြီ ဖြစ်၍ သိပ်မကြာခင်မှာပဲ တိုက်ခိုက်သံတွေကို စတင်ကြားလိုက်ရလေတယ်။ သူတို့ကို ချိတ်ပိတ်ထားသော ဓားကို သူက အသုံးပြုတာမို့ အားလုံးသော မိစ္ဆာတွေက သူ့ကိုတော့ အနည်းငယ် ရွံကြောက် ဖြစ်နေလေတယ်။

အလယ်ပိုင်းလမ်းမှာ ယိုအယ်ကို တွေ့လိုက်ရပြီး သိပ်မကြာမှီမှာပင် ယိုအယ်က သူရှိသော တောင်ဘက်ခြမ်းသို့ ကူးလာလေတယ်။ တွန့်လိမ်နေသော ခြေထောက်တားဖြင့် ယိုအယ်က မိစ္ဆာအသွင်နှင့် တိုက်ခိုက်ခြင်းသာ ဖြစ်တယ်။ သူမ တင်မြောက်ထားသော မိစ္ဆာဘုရင် ဆိုတာက ယခင်မိစ္ဆာဘုရင်၏ လက်အောက်ခံ ဖြစ်ပြီး မိစ္ဆာစွမ်အား များပြားလွန်းလှသော မိစ္ဆာတစ်ကောင် ဖြစ်ပေမယ့် မှော်သားရဲ တစ်ကောင်ကိုမျှပင် မပိုင်ဆိုင်ဖူးပေ။

ငါက သူ့ဆရာWhere stories live. Discover now