ငါက သူ့ဆရာ-4
@@@@@@@@
အမှန်ပြောရရင် သူ အဲ့လူရဲ့ တပည့်မဖြစ်ချင်တော့ဘူး၊ ဒါပေမယ့် လွီဟွားဓားကို ပေးတာတောင်မှ တပည့်မလုပ်ချင်ဘူး ပြောရင် သူ့ကို တခြားလူတွေက အထူးတဆန်း လုပ်ကြလိမ့်မယ်။ အထူးအဆန်းကနေ သူ့ကို စစ်ဆေးတာတွေ ဘာတွေ လုပ်လာရင် သူ့မှာ မိစ္ဆာစွမ်းအားတွေကို ရှာဖွေတွေ့ရှိ သွားကြလိမ့်မယ်။ အဲ့ကျရင် သူဟာ နောက်ထပ် တစ်ကြိမ် တစ်လောကလုံးရဲ့ ရန်သူဖြစ်သွားလိမ့်မယ်။
သူ ကမ်းပေးလာတဲ့ လက်ညိုးကို မထိအောင် ရှောင်လိုက်ပြီးမှ၊
'ငါ အဲ့ဓားလိုချင်တယ်'
'ကောင်းပြီ'
အဲ့လူက ဓားကို လက်အတွင်းသို့ ပိုးပုဝါပိုင်းငယ်လေးနဲ့ သေချာပတ်လိုက်ပြီးမှ ကျောနောက်မှာ ချည်လို့ရရုံ အစွန်းနှစ်ဖက်ကို ကိုင်ပြီး အနားတိုးလာတယ်။ သူ ယောင်အအနဲ့ အနောက်ကို ထပ်ဆုတ်မိတယ်။ အဲ့လူက သူဟာ အဲ့လူကို မထိချင်ဘူး ဆိုတာကို ရိပ်မိသွားတာလား ဆိုတာ မသေချာပေမယ့် သူ့ကျောမှာ လွီဟွာဓားကို သေချာလွယ်ပိုးပေးတယ်။ အဲ့ကျမှ သူ့ကို ဓားမှာပတ်ပေးလိုက်တဲ့ ပိုးပုဝါကို သတိထားမိလိုက်တယ်။ ဒါဟာ တောင်ပင်လယ်ကရတဲ့ ချည်နဲ့ ပြုလုပ်ထားတဲ့ လက်နက်တစ်မျိုးပဲ၊ သူ့အစွမ်းဟာ ကွယ်ဝှက်ထားနိုင်စွမ်း ရှိတာ ဖြစ်တယ်။ တစ်ခုခုကို ကွယ်ဝှက်ထားချင်တယ်ဆို အဲ့လိုပိုးပုဝါနဲ့ ဖုံးအုပ်ရတယ်။ ဒါဆို မှော်ဝင်ပစ္စည်းရဲ့ အရှိန်အဝါကို ကွယ်ဝှက်ထားနိုင်တယ်။ ပိုင်ဟွားဝူဆီက ဒီပိုးပုဝါဟာ အကောင်းတကာ အကောင်းဆုံး ပိုးချည်မျှင်နဲ့ ပြုလုပ်ထားတယ် ဆိုတာ အထူးတလည်ကို ရှင်းပြနေဖို့ မလိုဘူး။
'သေချာလွယ်ထား မပြုတ်ကျစေနဲ့'
အဲ့လို စကားသံ အေးအေးဟာ သူ့ကို ရေအေးနဲ့ လောင်းချလိုက်သလိုပဲ၊ ဆတ်ခနဲတောင် ဖြစ်သွားစေတယ်။
'ငါတို့ သွားရအောင်'
ဟိုအရင်တစ်ခါတုန်းက ပိုင်ဟွားဝူဟာ သူ့ကို ရပြီ ဆိုတာနဲ့ တစ်ခါတည်း လမ်းလျှောက်ဖို့ မတွေးပဲနဲ့ လွီဟွားကို စီးပြီးတော့ တောင်ထွဋ်ကို ပြန်သွားတာမဟုတ်လား၊ အခုက ဘာလို့ လှည့်ထွက်ပြီး လမ်းဆက်လျှောက်တာလဲ၊ ဒူးထောက်ဂါရဝပြုခြင်း မပြုခြင်းကို လျစ်လျူရှုပြီးတော့ အဲ့လူဟာ အပြင်စည်းကနေ တောင်တန်းကို လှည့်ပတ်ဖို့ ခြေလှမ်းစသလိုပဲ၊
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။