ငါကသူ့ဆရာ-20

8.4K 1.1K 122
                                    

ငါကသူ့ဆရာ-20

@@@@@@@@

အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးမှာ ဂူအနီးအနားမှာ စိုက်ပျိုးလို့ ရနိုင်မယ့် အပင်ငယ်တချို့ကို ဆွဲနှုတ်ယူလာလေတယ်။ သန့်ရှင်းတဲ့ အပင်တွေ ဖြစ်လာအောင် မိစ္ဆာအငွေ့တွေ ဖယ်ရှားပေးရသေးတယ်။ တောင်းထဲမှာ ကျေနပ်လောက်စရာ အပင်တွေ ပြည့်နှက်သွားတော့မှ ကျေနပ်စွာ ပြုံးမိတယ်။

ဟွားဝူက အပင်တွေကို အလိုလိုနေရင်းကို နှစ်သက်သဘောကျတတ်တဲ့ သဘောတရား ရှိတယ်။ ဒီအပင်ငယ်တွေကို ဟွားဝူတော့ သဘောတကျ ရှိနေမှာပဲ၊ ဆိုတဲ့အတွေးနှင့် အလိုအလျောက် သူသည်လည်း ပြုံးလိုက်မိလေတယ်။ ဒါပြီးရင်တော့ စီဟန်ကို ကြီးထွားလာအောင် အစားကျွေးရမယ်။

ဂူနေရာကို ရောက်တော့ ဘေးကနေ လိုက်လာတဲ့ ရွေ့ရွေ့က ဂူအတွင်းသို့ ပြေးဝင်သွားပြီးမှ ကျယ်လောင်စွာ အော်လေတယ်။

"အား!!"

"ရွေ့ရွေ့"

ပူပန်စွာ ခေါ်မိတော့ ရွေ့ရွေ့က သွေးစတချို့ ထင်ကျန်နေတဲ့ နေရာကို လက်ညိုးထိုးပြတယ်။

"ဟွားဝူ!!"

ဂူအတွင်းပိုင်း တစ်ခုလုံး ပြန့်ကျဲနေခဲ့ပြီး သွေးစတို့နဲ့ ပေကျံနေတယ်။ လွီဟွားက ကုတင်ပေါ်ကနေ အောက်မှာ ပြုတ်ကျနေပြီးတော့၊ ထမင်းစားတဲ့ ကျောက်ခုံက နှစ်ပိုင်းကွဲထွက်နေတယ်။ ဟွားဝူဆီမှာ တိုက်ခိုက်ဖို့ လောက်ထိ အင်အား မပြည့်ဝနေဘူး။ ကွဲကြေပြီးတော့ ပြန့်ကျဲနေတဲ့ ပန်းအိုးတွေ ပန်းပွင့်တွေက သူ့ကို လှောင်ပြောင်နေကြတယ်။

ဘာတွေလဲ၊ ဘာတွေ ဖြစ်ကုန်တာလဲ၊ ဟွားဝူရော၊ ဘယ်မှာလဲ၊ ဘယ်သူလဲ၊ ဘယ်သူလာလုပ်တာလဲ၊

"ဘယ်သူလုပ်တာလဲ!!"

"ဘယ်သူက ဒီလို လုပ်ရဲတာလဲ"

ကြိမ်းဝါးခြင်းက ခပ်တိုးတိုး မျက်ရည်ဝဲရခြင်းနဲ့ အဆုံးသတ်တယ်။ စီဟန်၊ စီဟန်ကို ပြန်လွှတ်လိုက်တယ်။

"စီဟန်၊ မင်းလာခဲ့!!"

စိတ်ချင်းဆက်နွယ်မှုကနေ ခေါ်လိုက်တော့ စီဟန်က အကြောင်းမပြန်လာခဲ့ဘူး။ သူကပါ ဘယ်လို ရောက်သွားတာလဲ၊ သူမေ့သွားတာ၊ ဒါက ဘယ်သူရှိမလဲ၊ ဒီလို လုပ်လို့ အကျိုးသက်ရောက်မှု ကောင်းကောင်းကို ရနိုင်တာက ဘယ်သူ ရှိမလဲ၊

ငါက သူ့ဆရာTempat cerita menjadi hidup. Temukan sekarang