ငါကသူ့ဆရာ-22
@@@@@@@@
အစ်ကိုသုံးက ခြေလှမ်းတွေ ရပ်သွားပြီးတော့မှ၊
"မင်း သေချာလို့လား"
"အင်း"
သူ ခေါင်းညိတ်လိုက်တယ်။ အစ်ကိုသုံးက သူ့ကို ဆေးပုလင်းငယ်တစ်လုံး ပစ်ပေးလာပြီး ပြောတယ်။
"ဆေးလိမ်းလိုက်အုံး"
အစ်ကိုသုံး ထွက်သွားတော့ သူ ဟွားဝူရဲ့လက်ဖဝါးကို အသာအယာ ထွေးဆုပ်လိုက်ပြီးမှ၊
"ငါမင်းကို ပြန်ပေးမယ်၊ မင်းလိုချင်တဲ့ လောကတစ်ခု"
သူ တဲငယ်အတွင်းကနေ အပြင်ကို ထွက်လာတော့ ရွေ့ရွေ့က အတွင်းကို လှမ်းကြည့်ချင်နေတဲ့ မျက်နှာလေးနဲ့၊
"သွား အထဲမှာ ဟွားဝူကို စောင့်ပေးလိုက်အုံး"
သူ တောင်ထိပ်ကနေ ဆင်းလာပြီးတော့ ယိုဟွားတောင်က တပည့်သားတွေ စည်းဝေးနေကြတဲ့ ကွင်းထဲကို ခုန်လွှားပြီး လှမ်းဝင်လိုက်တယ်။ အားလုံးသော လူသူတွေက သူဝင်လာတာကို လှမ်းကြည့်နေကြတယ်။ ဒါက ကျဆုံးသွားတဲ့ ကျင့်ကြံခြင်းလောကရဲ့ လက်ကျန် ကျင့်ကြံသူတွေပဲ၊ နည်းပါးလှတဲ့ ဦးရေလို့ ပြောလို့ ရတယ်။
သူ ဝင်လာတော့ အစ်မငါးက သူ့ကို မတ်တပ်ရပ်ပြီးတော့ ကြိုဆိုတယ်။ သူ ဝင်သွားပြီးတော့ မတ်တပ်ရပ်နေလိုက်တယ်။ ပြောဆို ဆွေးနွေးနေမှုတွေ ပြန်ပြီးတော့ စတင်ကြတယ်။ ကျင့်ကြံသူတွေဟာ မိစ္ဆာတွေကို နားမလည်ကြဘူးပဲ၊ သူတို့တွေက ဆိုးသွမ်းတဲ့ ဝိဉာဉ်တွေနဲ့ အသေအကြေ တိုက်ခိုက်ဖို့သာ တွေးတတ်ကြတဲ့သူတွေ ဖြစ်တယ်။ အကောင်းအဆိုးကို နားလည်ကြတာ မဟုတ်ဘူး၊
ခြိမ်းခြောက်ဖို့ကလည်း သူတို့ထက်ကို အဆမတန် အင်အားကြီးနေမှ ဖြစ်မှာ၊ အခုအနေအထားအရ မိစ္ဆာတွေကို ခြိမ်းခြောက်နိုင်ဖို့က သိပ်ပြီးတော့ မဖြစ်နိုင်ဘူး၊ မိစ္ဆာတွေက သိပ်ပြီးတော့ ခွန်အားကြီးမားလိုကြပြီးတော့ အင်အားကြီးမားရာကို ယိမ်းတတ်တဲ့ သဘောသဘာဝကို ရှိပြီးသား ဖြစ်လေတယ်။
"အစ်ကိုခြောက်"
တိုက်ခိုက်ရေးကဏ္ဍတကို အစ်ကိုနှစ်က တာဝန်ယူသော်လည်း ဗျူဟာရေးဆွဲသူက အစ်ကိုခြောက်ဖြစ်၍ သူ အစ်ကိုခြောက်ကို ခေါ်လိုက်တယ်။ အစ်ကိုခြောက်က သူ့ကို မြင်တော့ ပြောလာတယ်။
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။