ငါကသူ့ဆရာ-24
@@@@@@@
"မင်းတို့ အခုတော့ လူသတ်နှုတ်ပိတ်ချင်ပြီပေါ့၊ အစတည်းက မင်းတို့ ယိုဟွားတောင်က မိစ္ဆာတွေနဲ့ ပူးပေါင်းထားတယ် ဆိုတာကို ငါက သံသယရှိပြီသား"
"အဲ့ဒါဆို မင်းကတော့ မပူးပေါင်းထားဘူးပေါ့၊ ဒါနဲ့များ ဘာလို့ သူများတောင်မှာ တကူးတကနဲ့ လာပြီးတော့ သွေးဝမ်းကွဲစေမယ့် စကားတွေ ဆိုနေရတာလဲ"
သူ ထမေးလိုက်တော့ ယိုယိတောင်သခင်က ထိတ်လန့်သွားတဲ့ မျက်နှာထားနဲ့၊ သူ စကားထောက်လိုက်မှ လောင်တက တစ်ခုခုကို မေးမြန်ဖို့ သတိရသွားဟန်ဖြင့်၊ တော်သေးတယ်၊ သူဆိုလိုတာကို လောင်တက နားလည်လို့၊
"ငါတို့ ဒီကိစ္စအတွက်နဲ့ စိတ်ဝမ်းကွဲဖို့ လိုလို့လား၊ မဟုတ်ဘူးလား ယိုယိတောင်သခင် ဖူထုံ၊ ကျွန်တော်တို့ အစားစားရတဲ့ တပည့်သားငယ်တွေကို ခေါ်ပြီးတော့ စစ်ဆေးလိုက်ရင် ယိုယိတောင်က တပည့်တွေ ဆေးထည့်တာ ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို သိနိုင်မှာပဲလေ"
"သူတို့တွေ ဆေးမိထားပါတယ် ဆိုရင်တောင်မှ ငါရဲ့တောင်က လူတွေ လုပ်တယ် ဆိုတာ မင်းတို့ ဘယ်လိုသိမလဲ၊ စားဖိုဆောင်မှာက လူဝင်လူထွက်က များပါဘိနဲ့"
ချက်ချင်းပင် စကားက ပြောင်းလဲသွားတော့တယ်။ အားလုံးသော လူတွေကတော့ တွေးကုန်ကြပြီမို့သာ တော်တော့တယ်။
"တောင်သခင် အစားစားရတဲ့ တပည့်သားတွေကို စုဝေးထားပါပြီ"
"ကောင်းတယ်၊ မင်းတို့တွေ ကျင့်ကြံအဆင့် စွမ်းအား လျော့သလား မလျော့ဘူးလား စမ်းကြည့်ကြ"
ခြောက်လဆိုမှတော့ မလျော့ပဲနဲ့ နေမလား။
"လျော့ပါတယ် တောင်သခင်"
ယိုယိတောင်သခင်ဖူထုံက ပါးစပ်အငြိမ်မနေတတ်သောသူ ဖြစ်လေရာ၊
"မင်းတို့တွေ ကြိုးကြိုးစားစား မလေ့ကျင့်ပဲနဲ့ အပျင်းခိုနေပြီးမှ အခုမှ ကျင့်ကြံအဆင့် မတိုးလာတာကို ပြောရဲသေးတယ်"
အဘိုးကြီး ဖူထုံကို ငါ ဒီအတိုင်း သတ်လိုက်ရင် ကောင်းမလား၊ သူ့အတွေးထဲမှာ ရုတ်ချည်း ဖြစ်ပေါ်လာပေမယ့် ဒီအတွေးကို လက်လျော့လိုက်ရတယ်။ နဂိုရ်တည်းက ကျင့်ကြံသူတွေက သူ့ကို ကြောက်နေတာ ဖြုန်းခနဲ လူသားတစ်ဦးကို သတ်လိုက်မယ် ဆိုရင် အဆိုးဘက်ကိုပဲ ပိုများသွားလိမ့်မယ်။ အစ်ကိုခြောက်က စိတ်ဆိုးသွားတဲ့ မျက်နှာထားနဲ့ ဆိုတယ်။
VOCÊ ESTÁ LENDO
ငါက သူ့ဆရာ
Fantasiaဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။