ငါက သူ့ဆရာ-2

11.7K 1.4K 32
                                    

ငါကသူ့ဆရာ-2
@@@@@@

‘မင်းတို့ လူသားတွေက မိစ္ဆာတွေကို အထင်သေးတယ်၊ အခုကော အထင်သေးရဲသေးလား၊ ငါက တောင်သခင် မဖြစ်ထိုက်ဘူး ဟုတ်လား၊ ဟုတ်တယ် ငါတောင်သခင် မလုပ်ဘူး၊ ဒါပေမယ့် ငါက ထိုက်တန်သူလောက တစ်ခုလုံးကို အုပ်စိုးမှာ လူသားမျိုးနွယ်ကို မိစ္ဆာတွေက ကျွန်ပြုစေမယ်’

‘ယိုအယ်’

‘ငါ မုန်းတယ်၊ ငါမင်းတို့ကို မုန်းတယ်၊ အဲ့ဒါကြောင့် မင်းရဲ့အချစ်ဆုံး တပည့်လေးကို ငါက မင်းနဲ့ ထိပ်တိုက်တွေ့ဖို့ စီစဉ်ခဲ့တာ၊ မင်းကို နှိမ်နင်းဖို့က သူမှပဲ တတ်နိုင်မှာလေ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာက မင်းသတ်ခဲ့တဲ့ မိစ္ဆာဆီကနေ ငါယူခဲ့တယ် ဆိုတဲ့ ကျောက်တုံးကလေ တကယ်တော့ အဲ့ဒီ မင်းရဲ့ တပည့်လေးပဲလေ၊ မင်းမသိဘူးလား’

ယိုအယ်ဟာ မြေခွေးပီသလွန်းတယ်။ လှတယ် မာယာများတယ် ပြီးတော့ ရက်စက်တယ်။ ငါဟာ ရှောင်ကျိုကို ယိုဟွားတောင်ကနေ နှင်ထုတ်ခဲ့တာကို အကြောင်းပြုပြီးတော့ တစ်လောကလုံးက ရှောင်ကျိုကို မုန်းအောင် ဆောင်ရွက်ခဲ့တယ်။ ဘယ်သွားသွား အမုန်းခံ ပစ်ပယ်ခံရပြီးနောက်မှာ ယိုအယ်ဟာ သူ့ကို လက်ကမ်းကြိုခဲ့တယ်တဲ့၊ ယိုဟွားတောင်သခင်က အမုန်းပွားတဲ့အတွက် ရှောင်ကျိုက သွားဖို့နေရာဟာ မိစ္ဆာလမ်းပေါ်ကိုသာ ဖြစ်သွားခဲ့တယ်။ အားလုံးဟာ ငါက ရှောင်ကျိုကို နှင်ထုတ်ခဲ့တဲ့အတွက် ဖြစ်တယ်။

‘ဆရာတူညီမလေး မင်း မသိသေးတာ ရှိသေးတယ်၊ မင်းရဲ့အစ်ကိုကြီးက အထက်ဘုံက သွေးပါတယ်၊ ငါ့အမြုတေက မိစ္ဆာတွေ လူသားတွေလို မဟုတ်ဘူး နေရာရွေ့လျားလို့ ရတယ် ကံကောင်းစွာနဲ့ ငါက ညာဘက်ရင်ဘတ်ကနေ နဖူးကို ရွေ့ထားမိတယ်’

ငါ့ဆီကနေ ကြီးမားတဲ့ အရှိန်အဝါတွေ ထွက်ပေါ်လာတာကို ယိုအယ်က အလန့်တကြားနဲ့ ကြည့်နေခဲ့တယ်။ မိစ္ဆာတွေအားလုံးဟာ ယိုဟွားတောင်ပေါ်ကနေ ဆင်းပြေးကြတယ်။ အရှိန်အဝါရဲ့ ဖိနှိပ်ထားမှုဟာ တောင့်ခံနိုင်တဲ့လူအပေါ်မှာ ပြင်းထန်စွာ သက်ရောက်တယ်။ နောက်ဆုံးမှာ ငါ့အတွင်းစည်း တပည့်တွေနဲ့ ငါရယ် အလောင်းကောင်တွေရယ်ပဲ ကျန်နေခဲ့တော့တယ်။

ငါက သူ့ဆရာWhere stories live. Discover now