ငါကသူ့ဆရာ-9
@@@@@@@
မနက်လင်းတော့ ပိုင်ဟွားဝူက သစ်ကိုင်းတစ်ကိုင်းကို ချိုးယူလိုက်ပြီးမှ စကားစပြောလာတယ်။
'စီရန် ငါတို့သွားမယ်၊ လီချွဲမင်းက ဒီမှာ ဒီနေရာကို သူများလာမလုအောင် နေနေခဲ့'
ပြောပြီးတော့ သူ့ဘက်ကို သေချာလှည့်လာပြီးနောက် အဝတ်တစ်ထုပ်ကို ကမ်းပေးလာတယ်။
'ဒါက ဘာလဲ'
'ဒါက မင်းရဲ့အင်္ကျီတွေလေ သယ်လာခဲ့'
အင်္ကျီတချို့ကို ကျောမှာ လွယ်ပိုးလိုက်ပြီး ပိုင်ဟွားဝူ နောက်ကို ဖြည်းညင်းစွာ လိုက်လာခဲ့တယ်။ ပိုင်ဟွားဝူရဲ့ ခြေလှမ်းတွေက တိုတိုလေးတွေ၊ သူက အကောင်ကြီးနေတော့ တစ်လှမ်းစာကို ဖြည်းဖြည်းလေး လှမ်းမှပဲ ရမယ်။ ဘာလို့များ ပိုင်ဟွားဝူက လမ်းလျှောက်နေရတာကို ကြိုက်မှန်း သူမသိဘူး။ ဒါပေမယ့် ဒါကလည်း မဆိုးတာမို့ သူလည်း မမေးတော့ဘူး။
ယိုဟွားတောင်ကို ကျော်လွန်ပြီးနောက် ပိုင်ဟွားဝူက ရေလမ်းကနေ လှေငှားပြီးတော့ သွားတယ်။ လှေက ခရီးဆုံးတော့ ဆိပ်ကမ်းမြို့ငယ်တစ်မြို့မှာ ရပ်လိုက်တယ်။ ဆိပ်ကမ်းမှာ လှေဆိုက်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသလိုပဲ၊ ဘာလို့လဲ ဆိုရင် အရင်ဘဝတုန်းက ပိုင်ဟွားဝူ သူ့ကို ကန်ပစ်လိုက်တော့ သူဟာ ဒီမြို့ငယ်လေးနဲ့ မနီးမဝေးမှာ ပြုတ်ကျနေခဲ့တာ၊ တစ်ကိုယ်လုံး နာကျင်နေခဲ့ပြီးတော့ အရူးမိစ္ဆာလိုမျိုး တောထဲမှာ ကြွက်တွေကိုတောင် စားသောက်ခဲ့ရတယ်။ သူ့ခန္ဓာကိုယ် တဖြည်းဖြည်းနဲ့ ပြန်ကောင်းလာတော့ သူဟာ မြို့ငယ်လေးထဲကို ဝင်လာခဲ့တယ်။ အချိန်အားဖြင့် တွက်ကြည့်မယ် ဆိုရင် ခြောက်လစွန်းစွန်းလောက် သူဟာ အဲ့ဒီတောထဲမှာ အစားတစ်လုပ်အတွက် တခြားသော တိရိစ္ဆာန်တွေနဲ့ ပြိုင်ပြီး လုယက်ခဲ့ရတာ။ ပြန်တွေးကြည့်မယ်ဆိုရင် သူဟာ အဲ့ဒီကနေစပြီးတော့မှ အသွေးအသားကို စတင်ပြီးတော့ အစိမ်းလိုက် စားသောက်ခဲ့ရတာ။ သူ့မှာ ရွေးချယ်စရာ မရှိဘူး။ သူလုကိုယ်လုနဲ့ သူဟာ အသားတွေ ကျက်သွားတဲ့အထိကို မီးမွှေး ဘာမွှေး မလုပ်နိုင်ဘူး။ တစ်နေ့လုံးနေမှ အစားတစ်လုပ်ရဖို့ကိုတောင်မှ သူ ခက်ခဲခဲ့တယ်။
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။