ငါကသူ့ဆရာ-15

9.9K 1.2K 109
                                    

ငါကသူ့ဆရာ-15

@@@@@@@

မိစ္ဆာငယ်တွေက တစ်ဦးပြီး တစ်ဦး စားလိုက်သောက်လိုက်နဲ့ ပြီးတာနဲ့ ထပြန်သွားကြတယ်။ ပိုင်ဟွားဝူဟာ သေရည်အိုးကို တစ်အိုးပြီး တစ်အိုး သောက်နေခဲ့တယ်။ မရပ်မနားပဲ၊ ပိုင်ဟွားဝူကို ဆရာလို့ မခေါ်တော့ဘူးလို့ ကြေငြာထားပေမယ့် နှစ်တွေအကြာကြီး တရိုတသေ ဆက်ဆံလာခဲ့ခြင်းက မပျောက်ပျက်နိုင်သေးဘူး။

"သေရည်ကို တော်သင့်ပြီ"

သူ ပြောလိုက်တော့ ပိုင်ဟွားဝူက သူ့ကို လှည့်ကြည့်လာတယ်။ ပြီးတာနဲ့ အနားကို လှမ်းလာပြီးတော့ ဒေါသတကြီးနဲ့ သေရည်အိုးကို ချခွဲပစ်တယ်။

"ခွမ်း"

"ငါက သေရည်ကိုတောင် စိတ်ကြိုက်သောက်လို့ မရတော့ဘူးလား၊ ငါ သောက်ချင်သလောက် သောက်မယ်၊ မင်းနဲ့ ဘာဆိုင်လဲ"

ဘယ်လိုများ သူ့ကို တစ်ခုပြီး တစ်ခု ရန်လိုနေရတာပါလိမ့်၊ အခု ချခွဲပစ်လိုက်တဲ့ သေရည်အိုးနဲ့ဆို ငါးအိုးမြောက်ပဲ၊ အခုကို ခြေလှမ်းတွေက မှန်နေတာ မဟုတ်ဘူး၊ လက်ညိုးကတော့ သူ့ကို မကျေမနပ်နဲ့ တန်းနေအောင် ထိုးထားနိုင်သေးတယ်။ ဆက်ပြောလည်း အဆင်ပြေနိုင်တဲ့ ပုံစံ မရှိတာကြောင့် ကျကွဲသွားတဲ့ သေရည်အိုးကွဲစတွေကို အရင်ဆုံးသိမ်းဖို့သာ ပြင်လိုက်တယ်။

"မလုပ်နဲ့၊ ငါ့ဖာသာ ငါသိမ်းမယ်၊ ငါလုပ်နိုင်တယ်"

သူ သေရည်အိုးကွဲစတွေကို တစ်ခုချင်းစီ သိမ်းနေတော့ ပိုင်ဟွားဝူက အနားမှာ လာထိုင်ပြီးတော့ လက်လှမ်းတယ်။ သူ ပိုင်ဟွားဝူ အရှေ့မှာ ဆိုရင် အမြဲတမ်း သတိထားပြီးတော့ စွမ်းအားကို မသုံးဘူး။ ဘာလို့လဲ ဆိုတော့ ပိုင်ဟွားဝူဆီမှာက အသက်ရှင်ဖို့သာ စွမ်းအား ရှိတာမို့၊ သူက အဲ့လို သုံးနေမယ် ဆိုရင် ဟိုးအရင် ပိုင်ဟွားဝူ သြဇာသိပ်ကြီးခဲ့တဲ့ ကာလတွေကို ပြန်သတိရပြီး သိမ်ငယ်မှာကို သူ စိုးရိမ်တယ်။

"မလုပ်နဲ့၊ သေရည်သောက်အုံးမှာ မဟုတ်လား၊ သွားသောက်လေ၊ ကျွန်တော် သိမ်းလိုက်မယ်၊ ရှမိနေမှာစိုးလို့"

ပိုင်ဟွားဝူကို သေသေချာချာလေး ရှင်းပြပေးပြီးနောက်မှာတော့ သူ သိမ်းလက်စကို ဆက်သိမ်းရင်း ငဲ့ကြည့်မိတယ်။ သူ့အနားမှာ ဆောင့်ကြောင့် လာထိုင်ပြီးတော့ အနည်းငယ် မှေးစင်းနေတဲ့ မျက်ဝန်းတို့က အရည်လဲ့နေတယ်။ မူးနေပြီလား၊ ဒါပေမယ့် မသေချာပြန်ဘူး။ မျက်ဝန်းက ချက်ချင်းကို ညိုမှိုင်းသွားပြီးနောက်၊ မျက်နှာရဲရဲလေးပေါ်က နှုတ်ခမ်းထက်မှာ ဟွန့်ခနဲ မြည်သံပြုပြီး မထီတရီ အပြုံးတစ်စ ခိုတွဲရင်း ထရပ်တယ်။

ငါက သူ့ဆရာOnde histórias criam vida. Descubra agora