ငါက သူ့ဆရာ
@@@@@@
စတင်ပြောဆိုတဲ့ စကားကတောင် မပြောင်းလဲသေးဘူးပဲ၊ ဒါပေမယ့် မတူတော့ဘူး။ သူဟာ အရင်ကလို အစိမ်းစားတဲ့သတ္တဝါ မဟုတ်တော့ဘူး။ ဆရာချက်ကျွေးတဲ့ ဟင်းလျာတွေက သွေးနံ့ထက်တောင်မှ ပိုပြီး အရသာရှိသေးတယ်။
"ဘယ်သူက မိစ္ဆာလဲ"
ပိုင်ဟွားဝူ ပထမဆုံး မျက်လုံးပွင့်လာတာနဲ့ ထရပ်လိုက်ပြီး ပြောတာက ထိုစကားဖြစ်တယ်။ မျက်နှာထားဟာ တည်ငြိမ်ပြီး အေးစက်လုမတတ်ပဲ၊ ကောင်းတယ်၊ အဲ့လူတွေဟာ ပိုင်ဟွားဝူရဲ့ အေးစက်နေတဲ့ မျက်နှာထားနဲ့ ထိုက်တန်တယ်။ ဒါပေမယ့်လဲ ပိုင်ဟွားဝူက အခုမှ အသက်ဓာတ်ကို ပြန်ပြီးတော့ ဖြည့်တင်းပြီးသွားတာ ဖြစ်တယ်။
လက်ရှိကြုံတွေ့နေရသူတွေက တောင်သခင်တွေရဲ့ အတွင်းတပည့်တွေ ဆိုရင်တောင်မှ ပိုင်ဟွားဝူကို အခုချိန်မှာ ထိပ်တိုက်တွေ့ဖို့ သူ ခွင့်မပြုနိုင်ဘူး။ တပည့်ငယ်လေးတွေသာသာပဲ ဆိုရင်တောင် အခုလိုတော့ မတွေ့စေချင်ဘူး။ အဲ့ဒါကြောင့် သူ ပိုင်ဟွားဝူ ရှေ့မှာ ကာရပ်လိုက်ပြီးမှ၊
"ငါက ဘယ်တုန်းကများ ကလေးကို ထိခိုက်စေလို့လဲ၊ ငါ သူ့ကို ထိတောင်မထိလိုက်ဘူး"
သူ့ရဲ့ မျက်နှာပေးဟာ တော်တော် မထီမဲ့မြင် ဖြစ်နေလောက်တယ်။ ပိုင်ဟွားဝူက သူပြောလိုက်တာကို တစ်ခွန်းမှမတားသလို အရေးလည်း မလုပ်ဘူး။ ဆံနွယ်မျှင်တွေ လွင့်နေလျက်ကနေ သူ့ဘေးနားကနေ ဖြတ်လျှောက်သွားတယ်။ သူတားဖို့က အဆင်မပြေနိုင်ဘူး။ ဆရာထက်တပည့်လက်စောင်းထက်တာ မထက်တာက အရေးမကြီးဘူး၊ အေးစက်နေတဲ့ ပိုင်ဟွားဝူက သူ့ကို အေးတိအေးစက်နဲ့ မလိုလားသလိုတွေ ပြောလာမှာကို သူမလိုလားဘူး၊ ဘာလို့မှန်း အသေအချာ မသိပေမယ့် တခြားလူတွေကို ပိုင်ဟွားဝူက အေးစက်နေတာကို သူ သဘောကျပေမယ့် သူ့ကိုတော့ အေးစက်နေတာမျိုး မဖြစ်စေချင်ဘူး။
"မင်းတို့က ဘယ်တောင်ကလဲ"
သူတို့ ဝတ်စုံတွေက နက်ပြာရောင်ကို အနားကွပ်ထားပြီးတော့ လက်အပတ်တွေကလည်း အပြာရင့်ရင့်ကို သုံးထားတယ်၊ သူတို့ နဖူးမှာ လခြမ်းပုံစံတွေကို အမှတ်အသားပြုထားကြတယ်။ ဒါက ယိုယွဲ့ တောင်က တပည့်ငယ်တွေမှန်း သိသာတယ်။ ဟိုးသူ့အရင်ဘဝတုန်းက ပထမဆုံးဖျက်စီးပစ်ခဲ့တဲ့ တောင်ဟာ ယိုယွဲ့တောင်ပဲ ဖြစ်တယ်။
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။