ငါက သူ့ဆရာ-3

11.2K 1.4K 49
                                    

ငါကသူ့ဆရာ-၃

@@@@@@@

သူ့အမြုတေဟာ အဲ့လူ လက်ထဲမှာ ကွဲကြေသွားတာကို သူ ကြည့်နေခဲ့ရတယ်။ သူ လက်စားချေတာဟာ မအောင်မြင်ဘူး။ သူ သေရတော့မယ်။ သူ့ခန္ဓာကိုယ်ဟာ မြေပြင်ပေါ်ကို တအိအိနဲ့ လှဲကျသွားတယ်။ အခါတိုင်း အခေါက်တိုင်းလိုပဲ အဲ့လူဟာ တည်ငြိမ်စွာ ပြီးတော့ တည်ကြည်စွာ ရပ်နေတုန်းပဲ၊ အဲ့တာဟာ တည်ငြိမ်တာ မဟုတ်ဘူး သွေးအေးတာ ရက်စက်တာလို့ သူက ခေါင်းစဉ် တပ်ချင်တယ်။ အမြဲတမ်း သွေးအေးနိုင်တဲ့လူ၊ အမြဲတမ်း ရက်စက်တဲ့ စကားကိုပဲ ဆိုနိုင်ခဲ့တဲ့လူ၊ အသက်တွေကို တန်ဖိုးမထားတတ်တဲ့လူ။

ဒီယိုဟွားကို နှစ်နှစ်ဆယ်ကြာပြီးမှ သူပြန်လာခဲ့တာဖြစ်တယ်။ သူ့စွမ်းအားတွေကို သေချာ လေ့ကျင့်ပြီးမှ ပြန်လာခဲ့တာ။ ဒါပေမယ့် သူဟာ မအောင်မြင်ခဲ့ဘူး။ ခံစားချက် သေနေသေလို မျက်နှာထားဟာ သူ့ဓားကြောင့် သွေးတွေ တစ်စက်စက် ကျနေအောင် အိုင်ထွန်း လာတာတောင်မှ ခံစားချက် မဲ့နေတုန်းပဲ၊ ဘာတစ်ခုကိုမှ အဲ့လူဟာ မခံစားရသလိုမျိုးပဲ၊ သူသာလျှင် သူကပဲ အမြဲတမ်း အဲ့လူရဲ့ မျက်နှာကို ကြည့်နေခဲ့ရတာ ဖြစ်နိုင်တယ်။ အဲ့လူကပေးတဲ့ အခွန်းတိုင်းကို အလေးထားခဲ့ရတာ ဖြစ်တယ်။

အဲ့လူဟာ သူ့ကို တောင်ပေါ်ကို ခေါ်လာခဲ့တယ်။ သူ့ရဲ့ကျောက်စိမ်းတစ်ပြားနဲ့ လှဲလှယ်ပြီးတော့ ခေါ်လာခဲ့တယ်။ အဲ့လူ ပထမဆုံး ပြောတဲ့စကားဟာ၊ မင်းဘယ်သူလဲ မဟုတ်ခဲ့ဘူး။ ဒါမှမဟုတ် မင်းနာမည်က ဘာလဲ မဟုတ်ခဲ့ဘူး။ မင်းနာမည်ကို အခုချိန်ကစပြီး ရှောင်ကျိုလို့ ပေးလိုက်ပြီ၊ ဆိုတဲ့စကားပဲ ဖြစ်တယ်။ အဲ့လူဟာ သူ့ကို ဘယ်တုန်းကမှ အရေးမစိုက်ခဲ့ဘူး။ ဘယ်တုန်းကမှ စိတ်ပါဝင်စားမှု မရှိခဲ့သလို အသိအမှတ်လဲ မပြုခဲ့ဘူး။

သူကသာ အဲ့လူကို ဝေယျာဝိစ္စ ပြုလုပ်ဖို့ကို အစ်မငါးဆီကနေ အတင်းရအောင် တောင်းခဲ့ရတယ်။ သူကသာ ချိုချိုချဉ်ချဉ် ဘာစကားမှ မပြန်တဲ့ အဲ့လူဆီကနေ ချီးကျူးစကား ဒါမှမဟုတ် အပြစ်တင်စကား တစ်ခုခု ကြားရမလားလို့ နေ့တိုင်း မျှော်လင့်ခဲ့မိတာ။ သူကသာ တစ်ရက်ရက်တော့ သူ့ကို ပညာသင်ကြားပေးမှာပါလို့ မျှော်လင့်ခဲ့တာ၊ အဲ့လူဟာ သူ့ကို ဘာပညာမှ မသင်ကြားပေးလိုခဲ့ဘူး။ သူ့ကို သင်ကြားပေးဖို့ကို ဆရာတူတယ် ဆိုတဲ့ အစ်ကိုတွေ အစ်မတွေကသာ သင်ကြားပေးခဲ့တာ ဖြစ်တယ်။ အဲ့လူ လုပ်ခွင့်ပေးတာ ဆိုလို့ အဲ့လူဟာ ကိုယ်ပိုင်စာကြည့်တိုက်ကို ဝင်ခွင့်ပြုတာလေး တစ်ခုပဲ ဖြစ်တယ်။

ငါက သူ့ဆရာWhere stories live. Discover now