ငါကသူ့ဆရာ-21
@@@@@@@
ပထမဆုံးသော သူလုပ်တာက ဝိဉာဉ်ဆက်ကြိုးပဲ၊ ဝိဉာဉ်ဆက်ကြိုးကို သူ့အသက်ဓာတ်၊ သူ့သွေး၊ ပြီးတော့ သူ့ဝိဉာဉ်စွမ်းနဲ့ ပြုလုပ်တယ်။ ဝိဉာဉ်ဆက်ကြိုးက ရလာတယ်။ သူ ဟွားဝူရဲ့ ဝိဉာဉ်ကို ဆက်တယ်။ သူ့မှာ ရှိတဲ့ အရှိန်အဝါတွေ အားလုံးကို အသုံးပြုပြီးတော့ ဒါပေမယ့် ဝိဉာဉ်ကို ချုပ်ဆက်ဖို့ ထိလိုက်တဲ့ အခါမှာပဲ ဝိဉာဉ်ဆက်ကြိုးဟာ အစိတ်စိတ် အမွှာမွှာ ကွဲသွားတယ်။
ယိုဟွားတောင်က သူ့ရဲ့ ကာကွယ်မှု အောက်မှာ အန္တာရာယ် ကင်းပေမယ့် ကျင့်ကြံခြင်း လောကကတော့ ပျက်စီးလုမတတ်ပဲ၊ ငါ ကျဆုံးတယ်။ ဝိဉာဉ်ဆက်ကြိုးနဲ့ ဟွားဝူရဲ့ ဝိဉာဉ်ကို ဆက်ပေးတာ မရဘူး။ နည်းလမ်းက မှန်နေရဲ့သားနဲ့၊ ဟွားဝူက မနိုးထလာချင်တာလား။
ကံကောင်းစွာနဲ့ သူ့ဆီက အသက်ဓာတ်တွေကြောင့်မို့ ဟွားဝူရဲ့ ခန္ဓာကိုယ်က မပြိုကွဲသွားဘူး။ အရှိအတိုင်းပဲ ရှိတယ်။ ဝိဉာဉ်ဟာလည်း အားနည်းပြီးတော့ ဖျော့တော့နေပေမယ့် မပျက်စီးသွားပဲနဲ့ မျက်ဝန်းတွေကတော့ မှေးမှိတ်ထားလေတယ်။
မိစ္ဆာတွေဟာ အင်အား ကောင်းစွာနဲ့ ကျင့်ကြံခြင်း လောကကို ဖျက်စီးတယ်။ သူကတော့ မတားမြစ်မိဘူး။ စားသောက်လို့ ဗိုက်ဝသွားတဲ့ မိစ္ဆာတွေက ကျင့်ကြံခြင်းလောကအတွင်း ဘယ်လို ရှင်သန်ရမလဲ ဆိုတာကို စပြီးတော့ သတိရမိကြတယ် ထင်တယ်။ နာနာခံခံနဲ့ ရှင်သန်ကြဖို့ ကြိုးစားလာကြတယ်။
ခြောက်လကျော်သွားပြီ၊ ခြောက်လဆိုတဲ့ အချိန် အတွင်းမှာ သူကတော့ ဟွားဝူရဲ့ တဲငယ်အတွင်းမှာ ဝိဉာဉ်တွေကို ချုပ်ပေးဖို့ ဝိဉာဉ်ဆက်ကြိုးရအောင် ကြိုးစားနေဆဲပဲ။ နောက်ဆုံးမှာ အစ်ကိုသုံးက သူ့ကို အော်ပြောလာတယ်။
"ရှောင်ကျို မရဘူးဆိုရင်လည်း မင်းခဏတော့ နားသင့်တယ်၊ ဆရာက မပျောက်ကွယ် သွားဘူး ဆိုရင် နောက်ကျရင်လည်း မင်းဆက်ပြီးတော့ ကြိုးစားခွင့် ရှိမှာပဲ"
ခြောက်လလွန်ပြီးနောက် တစ်ရက်မှာ သူ ပထမဆုံး တဲငယ်ထဲကနေ ထွက်လာတယ်။ ပြီးတော့ မိစ္ဆာတောနက်ထဲကနေ ရွေ့ရွေ့နဲ့ထုထုကို သွားခေါ်လာတယ်။ လောင်တက သူခေါ်လာသမျှ နုနယ်တဲ့မိစ္ဆာတွေကို ယိုဟွားမှာ နေထိုင်ခွင့်ပြုတယ်။ လီချွေ့က သူ့ကို သခင်လို့ ခေါ်ဖို့ ကြိုးစားနေတယ်။
STAI LEGGENDO
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။