ငါကသူ့ဆရာ-8
@@@@@@@
အမှန်တကယ်ကိုပဲ ခြောက်လအတွင်းကို ယိုဟွားတောင်ကို လောင်တကို လွဲပေးခဲ့တယ်။ ပြီးနောက်တော့ ပိုင်ဟွားဝူဟာ ယိုဟွားတောင်ကနေ ထွက်သွားခဲ့တယ်ဆိုတာကို သိရတယ်။ သူကတော့ ယိုဟွားတောင်အစပ်က ယိုဟွားလိုဏ်ဂူထဲမှာပဲ ကျန်နေခဲ့ရတယ်။ သူ အဲ့လူကို မတွေ့ရတော့ဘူး။ လတွေတောင် ကြာနေပြီ။ သူဟာ အဲ့လူရဲ့ပုံရိပ်ကို မတွေ့ရတာ တော်တော် နေရခက်တယ်။
သူနေနေတဲ့ လိုဏ်ဂူဟာ တကယ်တမ်းကျတော့ သူ့အဖေနေခဲ့တဲ့ဂူ ဖြစ်တယ်။ အမှန်ပြောရရင် သူ ဟိုအရင်ဘဝတုန်းက ကြုံရသလိုတော့ သူမကြုံရဘူး။ ဒါပေမယ့် အရင်ကထက် ပိုပြီးလည်း ကောင်းမွန်မနေဘူး။
'လီချွဲ ခြောက်လပြည့်တော့မယ်၊ ဆရာက မလာဘူးထင်တယ်'
'သခင်က သူမလုပ်နိုင်ပဲနဲ့ မပြောဘူး'
'သူက မင်းရဲ့သခင် မဟုတ်တော့ဘူး'
သူပြောလိုက်တော့ လီချွဲက သူ့ကို လှည့်ကြည့်လာပြီး ဆိုတယ်။
'လောလောဆယ်တော့ ငါက လွတ်လပ်တဲ့ မှော်သားရဲပဲ မင်း ငါ့ကို လက်ခံမလား'
'ငါ မှော်သားရဲတစ်ကောင်ကို မထိန်းကျောင်းနိုင်သေးဘူး'
လီချွဲက ဘာမှမပြောတာ့ပဲနှင့် တစ်ဖက်သို့ လှည့်ကာ မရှင်းမလင်း ပြောတယ်။
'မင်း မြန်မြန် ကျင့်ကြံဆင့် တက်ရင် ကောင်းမယ်'
သူ ပြန်ပြီး တိတ်ဆိတ်သွားမိတယ်။ ဟိုအရင်ဘဝတုန်းက သူဟာ ရှောင်ကျိုဘဝကို တစ်ကြိမ်လေးတောင်မှ ပြန်ပြီးတော့ မပြောင်းလဲနိုင်ခဲ့ဘူး။ တစ်ကြိမ်လေးတောင်မှ၊ အခုဘယ်လို လုပ်ရမလဲ ဆိုတာကို တကယ်မသိဘူး။
'ငါ လုပ်နိုင်မလား ဆိုတာ မသေချာဘူး'
'လီချွဲ၊ စီရန်'
ယိုဟွားတောင်ရဲ့ တောင်သခင် အဟောင်းဟာ နာမည်တွေ ခေါ်သံနဲ့အတူ သူတို့ဂူနားကို ရောက်လာခဲ့တယ်။ နို့နှစ်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ အဲ့လူဟာ အပြုံးတွေနဲ့အတူ တောက်ပနေတယ်။ အချိန်တိုင်း ဒီလိုပဲ ပြုံးနေခဲ့တာလား။ မမြင်တာကြာပြီမို့ အဲ့ဒီအပြုံးတွေကို တမေ့တမော ငေးကြည့်နေစဉ်မှာပဲ ထိုလူက ဆိုလာခဲ့တယ်။
![](https://img.wattpad.com/cover/187053427-288-k299483.jpg)
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။