ငါကသူ့ဆရာ-12

9.1K 1.3K 207
                                    

ငါကသူ့ဆရာ-12

@@@@@@@@

သူတို့နှစ်ယောက် တောလမ်းကို ဖြတ်သန်းပြီးတော့ လူသွားလမ်းတစ်ခုဆီကို ရောက်ရှိသွားခဲ့တယ်။ လမ်းမမှာ လူသူတွေဟာ သူ့ကိစ္စ ကိုယ့်ကိစ္စ ကိုယ်စီနဲ့ ဖြတ်သန်းသွားလာနေကြတယ်။ အားလုံးဟာ ပူပန်မှု ကိုယ်စီနဲ့ တခြားတစ်ပါးကို အရေးမစိုက်နိုင်ကြလေဘူး။ လှည်းနဲ့လူကလည်း လှည်းနဲ့မို့လို့ မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် သွားလာနေတယ်။ ခြေလျင်လူတွေကလည်း အရေးကိစ္စအလုံးစုံ ထက်ကို ဒီနေရာကနေ ထွက်သွားဖို့ အရေးတို့အရေး အနေနဲ့သာ သွားလာနေတယ်။

ပိုင်ဟွားဝူက တစ်ခဏစာမျှ ပတ်ဝန်းကျင်ကို ငြိမ်သက်စွာ ကြည့်ပြီးတဲ့နောက်မှာ သူ့ဘက်ကို လှည့်လာပြီး ဆိုတယ်။

"စီရန် မင်းဖာသာ ရှောင်ကျို ဖြစ်သွားဖို့ကို ငါစောင့်နေခဲ့တာ ကြည့်ရတာ အခု အဲ့လို လုပ်လို့ မရတော့ဘူး ထင်တယ်"

ပိုင်ဟွားဝူရဲ့ ဆိုလိုရင်းက ရှင်းရှင်းလေး ဖြစ်တယ်၊ ရှင်းလွန်းလို့ကို ခက်နေတာ၊ ဒါပေမယ့် မူလအသွင်ကနေ လူသားအသွင်ကို ကူးပြောင်းတာက ကိုယ့်ဖာသာဆိုရင် ခက်ခဲတာ ရှိမှာ မဟုတ်ဘူး၊ ဒါပေမယ့် တခြားတစ်ပါးသူက ကူးပြောင်းပေးမယ် ဆိုရင်တော့ ဒါက ခက်ခဲအဆင့်လို့ ပြောရမယ်၊ စွမ်းအားပိုပြီးတော့ ပြည့်နှက်နေရမယ်၊ တည်ငြိမ်တဲ့ အသက်ဓာတ်လိုသေးတယ်၊

ပိုင်ဟွားဝူက ဒါကို မလုပ်နိုင်ဘူးလို့ သူ ဆိုလိုချင်တာတော့ မဟုတ်ဘူး၊ ဒါပေမယ့် ပိုင်ဟွားဝူမှာ အခုနေ တည်ငြိမ်တဲ့ အသက်ဓာတ် မရှိဘူး၊ ဒဏ်ရာရနေတဲ့ ဝိဉာဉ်ပိုင်းနဲ့ နည်းပါးနေတဲ့ အသက်ဓာတ်ဟာ သူ့အသွင်ကို ထိန်းသိမ်းလိုက်ရင်၊

သူ့အတွေးဟာ မဆုံးလိုက်ခင်မှာပဲ၊ သူဟာ ဖြူဖြူနွဲ့နွဲ့နဲ့ လက်သေးသေး ခြေသေးသေး ဘဝကို ရောက်ရှိသွားခဲ့တယ်။ ပိုင်ဟွားဝူ လက်ထဲက အစိမ်းရောင် အသက်ဓာတ်ဟာ ဝေ့ဝဲနေတုန်းပဲ၊ ပိုင်ဟွားဝူရဲ့ နွေးထွေး ရှိန်းမြတဲ့ အသက်ဓာတ်ကို သူ ခံစားမိတယ်။ သူ့အရပ်ဟာ ပိုင်ဟွားဝူရဲ့ ပုခုံးသာသာလောက်ထိကို ရောက်ရှိသွားပြီ။ သူ့ကျောမှာ လွီဟွားကို လွယ်ပိုးထားတယ်။

ငါက သူ့ဆရာWhere stories live. Discover now