ငါကသူ့ဆရာ-23

8.5K 1.1K 114
                                    

ငါကသူ့ဆရာ- 23

@@@@@@@@

"သွားပြီ၊ ဒီအစားအစာတွေထဲမှာ စွမ်းအားလျော့နည်းစေတဲ့ ဆေးတွေ ပါတယ်"

ထိုအခါမှ ယိုဟွားတောင်က စားဖိုဆောင်မှ တပည့်တွေက ကြောက်လန့်စွာ ဖြူဆုတ်သွားတဲ့ မျက်နှာတွေနဲ့၊ ယိုယိတောင်က တပည့်တွေကတော့ ပြေးဖို့ရာ လမ်းရှာလေတယ်။

"ပြေးချင်တယ် ဟုတ်လား၊ ဒီလောက်မလွယ်ဘူး"

သူ အကာအရံတစ်ခုကို ဖန်တီးလိုက်ပြီးနောက် ထိုသူတို့အား ဖမ်းချုပ်ထားလိုက်ပြီးမှ လဲနေရာကနေ ထရပ်လိုက်ကာ တစ်ကိုယ်လုံးကို ပွတ်သပ်ခါချရင်း၊

"စားဖိုဆောင်က ယိုပေါက် ဖြစ်နေတယ်၊ ကြားရသလောက် ခြောက်လတောင် ရှိပြီ ဆိုတော့ အစ်ကိုသုံး ဒီကိစ္စမင်းလက်ထဲကို လွဲပေးလိုက်ပြီနော်"

အစ်မငါးက သူ့အင်္ကျီတွေကို လာပြီး ခါချဆွဲဆန့်ပေးရင်းက၊

"မင်း ငါ့ကို စိတ်ပူအောင် လုပ်နေတာပဲ၊ ရှင်းရှင်းလင်းလင်းနဲ့ ခေါ်ပြောလိုက်လည်း ရတယ်"

"မရဘူး၊ ကျွန်တော်က ယိုဟွားတောင်က တပည့်ဆိုပေမယ့် ကျွန်တော်က လူစစ်စစ် မဟုတ်တော့ ဒီလို ကိစ္စမျိုး ဆိုတာက သက်သေတွေ ဘာတွေ လိုသေးတယ်လေ တောင်းပန်ပါတယ်၊ ကျွန်တော် ပြသနာရှာလိုက်တာ"

"ဒါကို ပြသနာရှာတယ်လို့ မခေါ်ဘူး၊ မင်း ဖြေရှင်းပေးတာပဲ ကျေးဇူးတင်ပါတယ်၊ ညီလေးကိုး"

လောင်တက တရိုတသေနဲ့ ဆိုလာတော့ သူလည်း ပြန်လည် ဦးညွှတ်လိုက်ရပြီး လောင်တ အနောက်မှာ ပါလာတဲ့ အစ်ကိုခြောက်ကို လှမ်းကြည့်မိတယ်။

"အစ်ကိုခြောက် ကျွန်တော်နဲ့ ပြောစရာ ရှိတယ် ဆိုရင် တောင်ထိပ်ကို လိုက်ခဲ့ပါလား၊ အကောင်သေးသေးလေးတွေ ရှိတယ် ဆိုပေမယ့် အစ်ကိုခြောက်ရဲ့ ဟိတ်ဟန်နဲ့ ဆိုရင် သူတို့က ပုန်းနေပြီးတော့ ထွက်လာရဲမှာ မဟုတ်ဘူး"

"ကောင်းပြီ ငါလိုက်လာခဲ့မယ်"

အစ်ကိုခြောက်က သူ့အနောက်ကနေ လိုက်ပါလာပြီးမှ၊

"ဒီနှစ်တွေမှာ မင်းဆရာ့ကို အများကြီး အကာကွယ်ပေးထားတယ်လို့ အစ်ကိုသုံးဆီကနေ ကြားတယ်၊ ကျေးဇူးတင်ပါတယ်"

ငါက သူ့ဆရာDove le storie prendono vita. Scoprilo ora