ငါကသူ့ဆရာ-18

9.7K 1.2K 186
                                    

ငါကသူ့ဆရာ-18

@@@@@@@@

"ဂူအပြင်ကို သွားသေးလား"

"မသွားဘူး"

"အသက်ဓာတ် ဘယ်လောက်ထိ သုံးထားလဲ ကြည့်မယ်"

"ဘာမှမသုံးထားတာမို့ ပေး စာအုပ် ရခဲ့လား"

"သုံးရက်လုံး ဟွားဝူ ဘာမှမသုံးထားဘူး ဆိုတာကို မယုံဘူး၊ စမ်းကြည့်မယ်"

ပြောလိုက်ပြီး အနောက်ကနေ သိုင်းဖက်လိုက်တော့ နဖူးကို လက်ဖဝါးဖြင့် လက်ပြန်ရိုက်လေတယ်။ သူကလည်း လက်တွေကို မလွတ်ပေးပဲနဲ့ ဖက်ထားတော့ ပိုင်ဟွားဝူက၊

"အမူအရာကိုက အရိုအသေတန်လိုက်တာ၊ ရွေ့ရွေ့အိပ်နေတယ်လေ"

အခုမှ ရှဥ့်မလေးကို တွေ့မိတော့ သူ မကျေမချမ်းနဲ့ ဖြေလွှတ်ပေးလိုက်ပြီး ရင်ဘတ်အတွင်း ထိုးထည့်ထားသည့် စာအုပ်ငယ်ကို ကမ်းပေးလိုက်ရတယ်။ ပြီးမှ အိပ်ပျော်နေသော ရှဥ့်အနားသို့ တိုးသွားပြီးမှ၊

"ဝေ့၊ ဝေ့၊ ဒါမင်းအိမ် မဟုတ်ဘူး ပြန်တော့"

သူ နိုးလိုက်မှ ရွေ့ရွေ့က ထလာပြီး မျက်လုံးတွေကို ပွတ်သပ်ရင်းဖြင့်၊

"အော် မိစ္ဆာသခင်တောင်မှ ပြန်ရောက်ပြီကို"

"ဟုတ်တယ် မင်းပြန်တော့"

"အခုချက်ချင်းလား"

"ဟုတ်တယ် အခုချက်ချင်း၊ မင်းဖာသာ ခုန်ပြီး ပြန်မလား၊ ငါမင်းကို ပြန်ပို့ပေးရမလား"

သူ ပြန်ပို့မယ့်နည်းလမ်းကလား၊ ရှင်းပါတယ်၊ ဂုတ်ကနေ ကိုင်ပြီးတော့ ဘယ်ရောက်ရောက် ဆိုပြီး လွင့်ပစ်လိုက်မှာပင်၊ ဒါပေမယ့် ရွေ့ရွေ့က သူမကံတရားကိုသူမ နားလည်ပုံပင်၊ ဂူအပြင်သို့ ခုန်ဆွဆွဖြင့် ခုန်ထွက် သွားလေတယ်။

"စီဟန်က ဘာမှမစားဘူး၊ သူက အသွေးပဲ စားတဲ့ မှော်သားရဲပဲ၊ ပြီးတော့ သူနဲ့ သွေးစာချုပ်ချုပ်ထားတဲ့ သခင်ဆီကနေ အသွေးကို စားတဲ့ အကောင်မျိုး"

ပိုင်ဟွားဝူက ဆိုတော့ သူ ခေါင်းညိတ်မိတယ်။ ဟုတ်တယ်၊ စီဟန်က ထိုသို့သော စွမ်းအားရှိတဲ့ အကောင်မျိုး ဖြစ်တယ်။ သူသာ စွမ်းအားကြီးမယ် ဆိုရင် စီဟန်ဟာလည်း အဆမတန် စွမ်းအားကြီးလာမည့် အကောင်မျိုးပင်၊ သူသာ စွမ်းအားနည်းနေမယ်ဆို စီဟန်ဟာ သူ့အတိုင်း စွမ်းအားလျော့နည်းမှာပင်၊ ထိုမျှထိ သစ္စာကြီးမားသော မှော်သားရဲမျိုးစိတ် ဖြစ်လေတယ်။

ငါက သူ့ဆရာTahanan ng mga kuwento. Tumuklas ngayon