ငါကသူ့ဆရာ-13
@@@@@@@
"သေစမ်း၊ ဆရာ ကျွန်တော် ကျူးလွန်မိပါပြီ"
စာအုပ်ထဲက အကြောင်းအရာက မည်သို့မည်ပုံ ပြုလုပ်ရမည်ဟု ညွှန်းဆိုထားတာမျိုး မဟုတ်ဘူး၊ ပေါင်းစည်းခြင်းဆိုတာ သက်သက်ကိုပဲ ပြောဆိုထားတာ၊ အကယ်၍သာ ပေါင်းစည်းရမယ် ဆိုရင်၊
ဘယ်လိုပဲ ဖြစ်ဖြစ် ပထမဆုံးတော့ အင်္ကျီကို ချွတ်ရမှာမို့ ပိုင်ဟွားဝူကို ပွေ့ချီထားရာကနေ ကြမ်းခင်းပေါ်မှာ အသာအယာ ချလိုက်ရတယ်။ ပထမဆုံး အပေါ်ရုံကို ခါးစည်းကြိုးဖြည်ချလိုက်တော့ အတွင်းအင်္ကျီဖြူဖြူပါးပါးလျလျလေးက ပေါ်ထွက်လာတယ်။ အဲ့ဒီအင်္ကျီဖြူဖြူပေါ်မှာ လက်ကဝဲလိုက်မိပြီးမှ သူ့လက်ချောင်းတွေ တုန်ရင်လာတယ်။
အင်္ကျီချွတ်ပြီးရင် သူ ဘာဆက်လုပ်ရမလဲ၊ သူရော ဆရာရောက ယောကျာ်းလေးတွေ မဟုတ်လား၊ ဒီအနေအထားက ပေါင်းစည်းလို့ ရနိုင်တယ်လို့ သူ ဘာလို့ မသိခဲ့ဖူးတာလဲ၊ အခုအခြေအနေမျိုးမှာ သူ ဘယ်သူ့ကို သွားမေးရမလဲ၊ ယောကျာ်းလေးနဲ့ မိန်းကလေး ခန္ဓာကိုယ်တွေ မတူညီတာက သိသိသာသာ ထင်ထင်ရှားရှားပဲကို၊ ဒီပေါင်းစည်းခြင်းက အလုပ်ဖြစ်မယ် ဆိုတာ သေချာလို့လား၊
"အဟွတ် ဖူး"
အင်္ကျီချွတ်ဖို့ပြင်လိုက် တစ်စောင်းလှည့်သွားပြီးနောက် ဖူးခနဲ သွေးညစ်တို့က ပြန်အန်ထုတ်လာလေတယ်။ မဟုတ်သေးဘူး၊ ဒီလိုနဲ့ ဆရာက ပိုပြီးတော့ အခြေအနေဆိုးတော့မယ်။ သုံးရက်၊ သုံးရက် ပြီးရင် ဆရာက အသက်ဓာတ်မရှိတော့ ဝိဉာဉ်စွမ်း ပျောက်သွားမယ်၊ ဝိဉာဉ်စွမ်း ပျောက်သွားရင် အမြုတေ ပြိုကွဲလိမ့်မယ်၊ အမြုတေသာ ပြိုကွဲသွားရင် အရှိန်အဝါ ဆိုတာက အပြင်ပန်းဟိတ်ဟန် သက်သက်ပဲ၊
"ဆရာ တပည့်လေး ဘာလုပ်ရမလဲ ဆိုတာ မသိတော့ဘူး၊ သွေးတွေ ခဏခဏ အန်မထုတ်ပါနဲ့တော့"
အပေါ်တစ်လွှာ အောက်မှ အတွင်းခံ ဖြူဖြူ တစ်လွှာကိုပါ ဖယ်ရှားလိုက်တော့ ကျင့်ကြံသူ တစ်ဦး၏ ပြီးပြည့်စုံသော ပုံပန်းသဏ္ဍာန်က အဝတ်လွှာတို့ အောက်တွင် ပေါ်လာလေတယ်။ ဖြစ်ချင်တာသာ ဖြစ်တော့၊
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။