ငါကသူ့ဆရာ-6
@@@@@@@
ခြောက်လလုံးလုံး သူ့ကို ပိုင်ဟွားဝူ အထူးတလည် သင်ပေးတာက ဟင်းချက်နည်းပဲ ဖြစ်တယ်။ နေ့တိုင်း ဟင်းချက်နည်း သင်ပေးတယ်။ ပြီးတော့ တစ်ခါတစ်လေ စိတ်ကူးပေါက်ရင် သူ့ကို ပန်းရိုးသေးသေးလေးနဲ့ ဓားကစားပြတယ်။ သူ့ကို ပေးထားပြီးသား လွီဟွားဓားကို ကြည့်ဖို့တောင် စိတ်မဝင်စားတော့သလိုပဲ၊ ဟိုးအရင်က အစိမ်းရောင် အသရေနဲ့ ကျော်ကြားခဲ့တဲ့ လွီဟွားဓားကို သူကိုယ်တိုင် ထွင်းထုခဲ့တယ် ဆိုတာ ယုံတမ်းပုံပြင်လို့တောင် မှတ်ထင်ရတော့မလိုပဲ၊
'ရှောင်ကျို ငါတို့ ဒီနေ့ တောင်အတွင်းစည်းကို လှည့်ပတ်ကြည့်ရအောင်'
ဆံပင်တွေကို လက်နဲ့ လိပ်ခွေနေရာက အနောက်ကို ပြန်ပို့လိုက်ပြီး ဆိုလာတော့ သူ ခေါင်းညိတ်မိတယ်။ ဒါပေမယ့် အစ်ကိုသုံးက ပြေးလာပြီးမှ စိတ်ပူဖွယ် ပြောတယ်။
'ဆရာ နေလို့ မကောင်းသေးဘူး၊ တောင်ကို ပတ်မှာဆိုတော့ လေကြမ်းပါတယ်၊ မသွားသင့်ဘူး'
ပိုင်ဟွားဝူက နှစ်လိုဖွယ် ပြုံးတယ်။ သူ မျက်မှောင်ကုတ်လိုက်မိတယ်။ ပြီးမှ မျက်နှာလွဲလိုက်တယ်။ အရေးမပါတာ ပြုံးဖို့လည်း မလိုပဲနဲ့ ပြုံးနေတယ်။ တောင်သခင်တစ်ဦးရဲ့ ခန့်ညားခြင်း ထောင်လွှားခြင်းတွေ ဆိုတာကို ဘယ်နားမှာ သွားပစ်လိုက်ပြီလဲ အရင်ကတော့ အလွန်အမင်းကို ဖက်တွယ်ထားခဲ့ပြီးတော့များ။ အခုကျ ကိစ္စတိုင်းကို ပြုံးရယ်နေစရာလား။
'ရှောင်စန်း မင်း စိတ်ပူလွန်နေတာပါ၊ ဆရာက အကောင်းကြီး ရှိပါသေးတယ်'
'ဆရာ ဒါက'
အစ်ကိုသုံးက အစိမ်းနုရောင် နှင်းကာခြုံလွှာတစ်ထည်ကို ကမ်းပေးလာတယ်။ ကြည့်လိုက်တာနဲ့တင် နုနုရွရွ အသားအိအိနဲ့ နှင်းကာခြုံလွှာက နွေးထွေးမယ် ဆိုတာ သိသာတယ်။ အသေးစိတ် လက်ရာမှန်းလည်း သိသာသေးတယ်။
'ဒါကို ခြုံသွားပါလား ဆရာ၊ ဆရာ ဒီနှစ်ထဲမှာပဲ ခဏခဏ လဲကျတာ သုံးကြိမ် ရှိနေပြီ'
'ကောင်းပြီ ဒီနေ့ မင်း စာကြည့်တိုက်ထဲ သွားပြီးတော့ ဝိန့်အယ်ကို တောင်အပြင်ထုတ်လိုက်ပါ ပြီးတော့ အတွင်းစည်းကို စောင့်ရှောက်ပါစေ'
YOU ARE READING
ငါက သူ့ဆရာ
Fantasyဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။