*****Warning Part***** ဖြစ်ပါတယ်၊ ဖတ်လို့ အဆင်မပြေနိုင်ဘူး ထင်ရင် ဒီအခန်းကို ကျော်ဖတ်သွားပေးဖို့ ပြောပါရစေ၊ အစွဲလေးသည် အပြုသေဘာမဆောင်သည့် ဝေဖန်ခြင်းများကို သည်းခံနိုင်သူ မဟုတ်ကြောင်း ကြိုတင် သတိပေးပါရစေ ညော်၊
ငါကသူ့ဆရာ-16
@@@@@@@@
သူ ဘာမှမပြောပဲနဲ့ စားပွဲမှာ ထိုင်လိုက်တော့ ပိုင်ဟွားဝူက သူ့အရှေ့ကို ဟင်းပန်းကန်တစ်ချပ်ကို ချလာပေးတယ်။
"မင်းငါ့ကို ဒီဂူထဲမှာပဲ ချုပ်ထားမလို့လား"
"မဟုတ်ပါဘူး"
သူ ဒီစကားကို တိုးတိုးပဲ ပြောနိုင်တာ၊ နောက်ထပ်စကားတစ်ခွန်းတောင် အပိုထပ်မဆိုရဲသေးဘူး၊ ပိုင်ဟွားဝူက သူ့ဆရာ ဖြစ်ဖူးတာ တစ်ဘဝတည်းတောင် မကဘူး၊ နှစ်ဘဝတောင်မှ ဆိုတော့ သူ့မှာ အလိုလို တရိုတသေ ဖြစ်နေပြီးသားကို ဖြစ်နေတာ၊ တကယ်ဆို ဒီလို အခြေအနေမျိုးကို သူလည်း မကြိုက်ပါဘူး။ ပိုင်ဟွားဝူကို ကြည့်ရတာ မနေ့က ကိစ္စတွေ ဘာမှမသိသလိုနဲ့၊
သူ ဘာပြောရမလဲ ဆိုတာကို တွေးနေမိရင်းက လက်က အလိုလိုနဲ့ မျက်စိရှေ့က ဟင်းခွက်ကို နှိုက်မိတယ်။
"ဖတ် အ"
ဖတ်ခနဲ တူတစ်စုံနဲ့ အရိုက်ခံလိုက်ရပြီးတော့ ခပ်တိုးတိုး ညည်းမိတယ်။
"ကြာလေ ကြာလေ စည်းကမ်းပျက်ချင်လေပဲ၊ ရော့ တူ၊ ဘာလို့ လက်နဲ့ နှိုက်ရတာလဲ"
"တောင်းပန်ပါတယ်၊ မှားသွားပါတယ်"
အဲ့ဒါနဲ့ပဲ သူဟာ ပိုင်ဟွားဝူရဲ့ တပည့်ဆိုတဲ့ အရိပ်ကနေ ဘယ်လို ကင်းလွတ်တော့မှာလဲ၊
"စား မနက်တည်းက ဘာမှမစားရသေးဘူး မဟုတ်လား၊ ရွေ့ရွေ့ရော ရွေ့ရွေ့ ဒီနေ့ မနက်စာ လာမစားဘူးလား"
"အော် ရွေ့ရွေ့က မနေ့ညက မအိပ်ထားရသေးလို့ ပင်ပန်းလို့ အိပ်အုံးမယ်တဲ့"
"အဲ့ဒီတစ်ယောက်က အမြဲတမ်း လျှောက်သွားဆော့နေတာပဲ၊ နိုးလာရင် ထမင်းလာစားဖို့ ပြောလိုက်"
"ငါတို့ ထမင်းဆိုင် ဖွင့်ထားတာလည်း မဟုတ်ဘူး၊ ပြီးတော့ အသီးအရွက်တွေကို မိစ္ဆာအငွေ့ကင်းအောင် လုပ်ထားရတာ၊ မင်းတစ်ယောက်ပဲ စားဖို့လေ၊ ဘာလို့ ဒီအကောင်ပလောက်တွေကို လိုက်ကျွေးနေတာလဲ"
ŞİMDİ OKUDUĞUN
ငါက သူ့ဆရာ
Fantastikဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။