ငါကသူ့ဆရာ-11
@@@@@@@@
"အဲ့ဒီတော့ ဘာဖြစ်လဲ၊ တချို့သော အရာတွေက သေးသေးလေးကနေ ကြီးထွားလာကြတာလဲလေ အချိန်ကြာလာတာနဲ့အမျှ ကြီးထွားလာကြရတာပဲလေ၊ ဒါက မထူးဆန်းပါဘူး"
တချို့တချို့သော ပိုင်ဟွားဝူရဲ့ စကားတွေက ရိုးရှင်းပြီးတော့ ဆန်းကြယ်တယ်။ သူဟာ နှစ်ဘဝ အသက်ရှင်လာပြီးတာတောင်မှ လိုက်မမှီဘူးလို့ ခံစားမိစေတယ်။
"ဆရာ ငါတို့ သွားမှာလား"
"သွားမယ်လေ၊ ဒီတောင်ပေါ်ကိုလည်း တက်ရမယ်၊ ဒီမှာ ငါ့ရဲ့ဆရာတူအစ်မမှတ်တိုင် ရှိတယ်"
"အဲ့လိုလား၊ ဒါဆို သွားပြီးတော့ ဂါရဝပြုမှာလား"
"အင်း"
"မှတ်တိုင် ဆိုတော့ သူမက သေဆုံးသွားတာလား၊ အထက်ဘုံကို တက်သွားတာ မဟုတ်ဘူးပေါ့"
"သူမက ရွေးချယ်မှု တစ်ခုအတွက် ဝိဉာဉ်ကွယ်သွားတာ"
"ဝိဉာဉ်ကွယ်သွားတာ မဟုတ်လား"
"ဟုတ်တယ်၊ လွန်ခဲ့တဲ့ နှစ်ထောင်ကျော်လောက်က ဖြစ်မယ်၊ ဆရာက ယိုဟွားတောင်ကို နယ်နိမိတ်စည်းအဖြစ် သတ်မှတ်လိုက်တုန်းက ဆရာတူအစ်မက မိစ္ဆာနယ်နိမိတ်ထဲကို ဝင်သွားတယ်"
"အဲ့တုန်းက ဆရာက ရှိတယ်ပေါ့ ဟုတ်လား"
"အင်း၊ ငါက ဆရာတူအစ်မ ပြန်လာတော့ ရှိခဲ့တယ်၊ ငါက ဆရာရဲ့ တတိယမြောက်တပည့်သားလေ၊ အဲ့တော့ ငါ့အထက်မှာ ဆရာတူအစ်ကို တစ်ယောက် ရှိတယ်၊ ပြီးတော့ ဆရာတူအစ်မ တစ်ယောက် ရှိတယ်၊ ကျန်တာကတော့ ငါ့ထက်ကို ဝါငယ်ကြပါတယ်"
"ငါ့ ဆရာတူအစ်ကိုက ယိုယွဲ့တောင်ကို အုပ်ချုပ်တယ်၊ ချူးမင်ဟွာရဲ့ဆရာလေ သူကတော့ အထက်ဘုံကို တက်သွားခဲ့တာ၊ ဆရာတူအစ်မကတော့ မရှိတော့ဘူး"
စကားပြောရင်းဖြင့် သွားသည်တွင် တောင်ခြေရင်းသို့ ရောက်လေသည်။ မိန်းကလေး ကျင့်ကြံသူတို့က ပိုင်ဟွားဝူကို တွေ့သည်နှင့် မတ်မတ်ရပ်၍ အရိုအသေပေးကြသည်။
"ဆရာအဘိုးလေး ယိုရှန်းကို ရောက်လာတာ မသိလို့ ခရီးဦးကြိုမပြုနိုင်တာ ခွင့်လွတ်ပေးပါ၊ ဒါနဲ့ သူက"
VOCÊ ESTÁ LENDO
ငါက သူ့ဆရာ
Fantasiaဒီဇာတ်လမ်းတွေက စု တု ပြုထားတဲ့ သဘောတရားတွေ အများကြီး ပါလို့ ဖန်တီးတင်ဆက်သည်လို့ပဲ ရိုးရိုးလေး ပြောပါရစေ။ ရေးသူ -စွဲ့ညို့ စာအုပ်ထွက်ရှိပြီး။