All about you..Part 1

3.8K 83 3
                                    

"Chai...ကိုယ်ပြောစရာရှိတယ်''

"ပြောလေ ကိုယ်ရဲ့ ပြီးရင် Chai လဲပြောစရာရှိတယ်"

"ကိုယ့်သူငယ်ချင်း ညီလေး နိုင်ငံခြားကနေ လာပြီး ကျောင်းပြန်လာတတ်မယ်တဲ့ အာ့ ကိုယ်နဲ့နေဖို့ ကိုယ့်သူငယ်ချင်းက ပြောလာလို့်"

Saintစကားကို ဆက်မပြောဘဲ Chai ရဲ့မျက်နှာကို ကြိလိုက်မိတယ်..

Chaiကလဲ သဘောပေါက်တဲ့ပုံနဲ့...

"Aww... Chai နားလည်ပြီ...ကိုယ်ကလဲ အားနာနေသေးတယ် ပွင့်ပွင့်လင်းလင်းပြောလဲရပါတယ်..
Chaiတောင် ကိုယ့်ကိုပြောမလို့
Chai အခန်းပြောင်းတော့်လို့ ကိုယ့်နဲ့နေတာလဲကာပြီ
ပြီးတော့ အလုပ်နဲ့လဲဝေးတော့ အဆင်မပြေဘူးလေ
အာ့ အခန်းငှါးလိုက်တာ ရပြီ ..ပြီးတော့.....
Chaiက ခနခန ခရီးသွားရတော့ ညကြီးမိုးချုပ်လဲ ကိုယ်ကတံခါးဖွင့်ပေးရနဲ့မနက်စောစောလေယဉ်ကွင်းပို့ပေးရနဲ့
ကြာလာတော့ အားနာလာလို့ပါ"လို့..
ပြောလာတယ်...ဟူး တော်ပါသေးရဲ့...
မို့ဆို ကိုယ့်ချစ်သူကို အိမ်ပေါ်ကနေဆင်းဖို့ဘလိုပြောရပါ့မလဲ

"ဟုတ်လား ဘယ်ကတည်းကစီစဉ်တာလဲ အချစ်ရယ်..
ကိုယ့်လဲမပြောပြဘူး...
ပြီးတော့ ခုကိစ္စက ရုတ်တရက်ကြီးပေါ်လာတာပါ
သူငယ့်ချင်းညီကလေ နိုင်ငံခြားမှာ တအားဆိုးတာတဲ့
ဒီမှာ သူ့အဘိုအဘွားတေရှိတယ်လေ..
ဒါပေမဲ့ သူ့မနိုင်မှာစိုးလို့ အသက်ကြီးတဲ့သူတေဆိုတော့လေ
ဒီမှာဆို ထိန်ထိန်းသိမ်းသိမ်းဖြစ်အောင်ပေါ့..
ကိုယ်မေဂျာကပဲတဲ့လေ..အာ့ကြောင်ပါနော်"

Saintလဲရှင်းပြပြီး ချစ်သူ့ကိုယ်လုံးလေးကို ဖက်ထားလိုက်မိတယ်....

"Aww ကိုယ်ရယ် ကိုယ့်သူငယ်ချင်းကို ကူညီတာပဲ
Chaiက ဘာပြောရမှာလဲ... ကိုယ်လဲ Chaiမရှိရင်
ကိုယ့်ကိုကို ဂရုစိုက်နော်...ဖြစ်သလိုတေမစားနဲ့...ဟုတ်ပလား
နောက်ပြီး Chaiကိုလဲပိုချစ်ပေး နော်''

Chaiစကားကြောင့် သူတွေဝေသွားတယ်

သူနဲ့ Chai အတူသာနေတာ စိတ်ချင်းဝေးနေခဲ့တာကြာပြီ
သူနဲ့ Chai နှယောက်လုံး အလုပ်များတဲ့သူတေမို့
ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတတ်ကြတာ..
ဟိုတလောက ....
Chai သူ့အလုပ်က သူဌေးနဲ့မန်နေဂျာ နဲ့ သုံးယောက်ခရီးသွားကြတာ သူမသွားပါနဲ့တားခဲ့သေးတယ်
ယောကျားလေးနှယောက်နဲ့မို့မသင့်တော်ဘူးလေ..
ဒါကို Chaiလက်မခံခဲ့ဘူး

All abou YouWhere stories live. Discover now