Saintတယောက် ခွဲစိတ်ခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ အကြိမ်ပေါင်းမနဲတော့ဘူး...
ငယ် ခွဲစိတ်ခန်းထဲ ဝင်သွားတာ တနာရီကျော်ပြီလေ...
"Saint...ဒါလေးစားလိုက်အူး ရော့....''
Meanက ဘာဂါတခုလက်ထဲလာထဲ့ပေးတယ်...
"နေပါစေ mean ငါမစားချင်ဘူး....''
Saintငြင်းလိုက်ပေမဲ့ planကပါ ထိုင်ရာက ထလာပြီး အတင်းစားစေတယ်...
"အငယ်ဆုံးလေးက ဘာမှမဖြစ်ဘူး... နင်က ဘာမှမစားပဲနေရင် နင်လဲသွားမှ နင့်ကို ထပ်ကုနေရမယ် စားလိုက်... ''
"အင်းပါ...အင်းပါ...''ဆိုကာ သူ markနား သွားထိုင်ကာ သူတကိုက် ကိုက်စားလိုက်တယ်..markက ဖျော်ရည် တဘူးကမ်းပေးတယ်...
ငယ်ရေ...ဘာမှမဖြစ်ပါစေနဲ့နော် ငယ်.. ကိုယ်တို့အားလုံး င်းကို စိတ်ပူနေကြသလို အားလုံးက မင်းကို ချစ်ခင်ကြပါတယ်...
သူစားပြီးကာနီးလောက်ကျ ခွဲစိတ်ခန်းတံခါးပွင့်လာတယ်...
ဆရာဝန်ကြီးနားကို အားလုံးပြေးသွားသွားလိုက်ကြတယ်...
"ဆရာ အခြေနေလေး '' saintက ဦးဆောင်၍မေးလိုက်တယ်...
"သြော်...အားလုံးမစိုးရိမ်ကြပါနဲ့ အဆင်ပြေပြေနဲ့ ပြီးဆုံးသွားပါပြီ..သတိရလာမှ အခြေနေထပ်ကြိရမယ်...''
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခမျာ...''
" ကျေးဇူးတင်ပါတယ် ခမျာ''
ကျေးဇူးတင်စကားတေညံသွားတယ်...
Saintလဲ အခုမှ အသက်ဝဝရှူနိုင်တော့တယ်...
"Saint... ဘာမှမဖြစ်တော့ဘူး စိတ်မပူနဲ့တော့ သိလား.. လာ MarkGunကိုထားခဲ့ ငါတို့ ရေမိုးချိုးစားသောက်ပြီး ပြန်လာကြမယ် perthအတွက် အဝတ်အစားတေရော ယူရမယ်လေ...''လို့ Titleက ပခုံးပုတ်ပြောတယ်...
"ငါ...''
"မပြန်ချင်ဘူး မပြောနဲ့... ခနလေးပဲ ထားခဲ့လိုက် အငယ်ဆုံးလေး မနိုးခင်ပြန်လာကြမယ် သူနိုးလာရသ် မင်း မွှေးမွှေးကြိုင်ကြိုင်လေးဖြစ်နေတာပေါ့...''
YOU ARE READING
All abou You
Fantasyကိုယ့်မှာဆိုင်သူရှိပြီးသားနဲ့ အခြားတယောက်ကို ချစ်လို့မရဘူးလား တချိန်က ကိုယ်လဲ သူ့ကို ချစ်ခဲ့တာပဲလေ... အခုချိန်မှာ သူ့ထက်ချစ်တဲ့သူပေါ်လာတာ.. ကိုယ်လုပ်ကြံရည်ရွယ်ခဲ့တာမှမဟုတ်တာ... အကယ်၍ ကိုယ်မင်းကိုမချစ်တော့ဘဲ ချစ်ပါတယ်ဆိုပြီး စိတ်တေက အခြားတယောက်ဆီရောက်...